မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ သူနာပြုအကူ(ပြင်ပ) သင်တန်းဆင်းပွဲ ပြုလုပ်

မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ သူနာပြုအကူ(ပြင်ပ) သင်တန်းဆင်းပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၃

          မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် ခုတင်(၂၀၀)ဆံ့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့၌ ဖွင့်လှစ်သင်ကြားသည့် သူနာပြုအကူ(ပြင်ပ) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သင်တန်း၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။