လားရှိးမြို့နှင့် ကွန်ဟိန်းမြို့တို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းများ၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၆)သင်တန်းဖွင့်လှစ်

လားရှိးမြို့နှင့် ကွန်ဟိန်းမြို့တို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းများ၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၆)သင်တန်းဖွင့်လှစ်

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၃

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၆)သင်တန်းဖွင့်ပွဲ များကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့တို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများ၌ ပြုလုပ်ရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး၊ ဒုတိယတိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ သင်တန်းနည်း ပြများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

          ဦးစွာ တိုင်းမှူးနှင့် ဒုတိယတိုင်းမှူးတို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် တိုင်းမှူး၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။ ၎င်းနောက် အဆိုပါ သင်တန်းကျောင်းများ၌ ခင်းကျင်းပြသထား သည့် အဆင့်မြင့်အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်း ထုတ်ကုန်ပစ္စည်းများနှင့် သင်ထောက်ကူ ပစ္စည်းများအား လိုက်လံကြည့်ရှုကြသည်။

          အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းများကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်အထိ သင်တန်းသူ ၃၀ ဦးစီဖြင့် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။