အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(ဒုတိယအကြိမ်)        ကျောင်းဝတ်စုံနှင့်  ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်

 

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(ဒုတိယအကြိမ်)        ကျောင်းဝတ်စုံနှင့်  ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်
 

နေပြည်တော် ၊ ၂၀၂၃ အောက်တိုဘာ ၂၃ ရက်

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(ဒုတိယအကြိမ်) ကျောင်း ဝတ်စုံနှင့်  ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ် ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက  အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ အတွက်  ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရာ အတန်းလိုက် ကျောင်းသား/ ကျောင်းသူ ကိုယ်စားလှယ်အသီးသီးမှ လက်ခံရယူသည်။

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းသား/ကျောင်းသူများ၏ “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။