PDF အမည်ခံအကြမ်းဖက်သမားများက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနား လမ်းရှိ အောင်တံခွန်ငါးလေလံဈေးအတွင်းသို့ Drop ဗုံးများပစ်ချတိုက်ခိုက်ကြောင့်  အသက်(၁၄)နှစ် အရွယ်ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

 

PDF အမည်ခံအကြမ်းဖက်သမားများက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနား လမ်းရှိ အောင်တံခွန်ငါးလေလံဈေးအတွင်းသို့ Drop ဗုံးများပစ်ချတိုက်ခိုက်ကြောင့်  အသက်(၁၄)နှစ် အရွယ်ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၃

          တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အောင်တံခွန်ငါး လေလံဈေးအတွင်းသို့  PDF အမည်ခံအကြမ်းဖက်သမားများက Drone အသုံးပြု၍ ဗုံးသီးများပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အောင်တံခွန် ငါးလေလံဈေးအား PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့မွန်းလွဲပိုင်းတွင် ဈေး၏ အနောက်မြောက်ဘက်မီတာ ၅၀၀ ခန့်အကွာမှနေ၍ Drone အသုံးပြု၍ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဈေးဝယ်နေသည့် အသက်(၁၄)နှစ်အရွယ် ကလေး ၁  ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ အများ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဒေသခံပြည်သူများ အေးချမ်းစွာ ဈေးရောင်း/ဈေးဝယ်ပြုလုပ်နေသည့် ဈေးအတွင်းသို့  Drop ဗုံးများ ပစ်ချ တိုက်ခိုက်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။