စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၆၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့်စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၆၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့်စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိ

 

နေပြည်တော် အောက်တိုဘာ ၂၃

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၆၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော်   ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၈ ရက် နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာ အနီးတွင် မန္တလေးမှ ကလေးမြို့သို့  ဧရာထွန်း(ခ)ဇေယျာထွန်းမောင်းနှင်ပြီး သီဟထွန်း လိုက်ပါလာသော မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ   ဒေသကာလ တန်ဖိုးငွေကျပ် ၃ ဒသမ ၆၉ ဘီလီယံတန်ဖိုးရှိ ဆပ်ပြာ ခွက် (၃၃၀၀)ခွက်အတွင်းမှ ဘိန်းဖြူ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ အောက်တိုဘာလ ၁၉ ရက် ည ၈ နာရီခွဲတွင် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ သိန်းထွန်းအောင် (ခ)ချမ်းမြေ့အောင်(ခ)ချမ်းမြေ့ကို မန္တလေးတိုင်းဒေသကြီး၊  အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် ဆက်လက်ဖမ်းဆီး ရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို   ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းင်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။