မန်ယူအသင်း အဓိကတောင်ပံ ခံစစ်ကစားသမား လုခ်ရှောရရှိထားသည့် ကြွက်သားဒဏ်ရာမှာ ပိုမိုဆိုးရွားနေသည့်အတွက် နောက်ထပ်တစ်လခန့် အနားယူရဖွယ်ရှိ

မန်ယူအသင်း အဓိကတောင်ပံ ခံစစ်ကစားသမား လုခ်ရှောရရှိထားသည့် ကြွက်သားဒဏ်ရာမှာ ပိုမိုဆိုးရွားနေသည့်အတွက် နောက်ထပ်တစ်လခန့် အနားယူရဖွယ်ရှိ

 

   မန်ယူအသင်း အဓိကတောင်ပံ ခံစစ်ကစားသမား လုခ်ရှောသည် ကြွက်သားဒဏ်ရာမှာ ထင်မှတ်ထားသည်ထက် ပိုမိုဆိုးရွားနေသည့်အတွက် နောက်ထပ် တစ်လခန့်   ထပ်မံအနားယူရမည့် အခြေအနေများ ကြောင့်   မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် ကစားမည့် မန်စီးတီးအသင်းနှင့် ပွဲစဉ်အထိ လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် လုခ်ရှောသည်  လက်ရှိ တွင် နည်းပြ တန်ဟတ်လက်အောက်၌  အဓိက ဘယ်တောင်ပံခံစစ် ကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိသော်လည်း သြဂုတ်လ ၂၀ ရက်က ကစားသည့် စပါးအသင်းနှင့်  မန်ယူအသင်းတို့ပွဲစဉ်တွင်  ကြွက်သား ဒဏ်ရာရရှိခဲ့ပြီး ကာလရှည်ကြာ အနားယူနေရသူဖြစ်သည်။

အစောပိုင်းက လုခ်ရှောအနေဖြင့် ယခုလလယ်ပိုင်းတွင် ပြန်လည်ပါဝင် ကစားနိုင်ဖွယ်ရှိသည်ဟု မန်ယူအသင်း ဆေးအဖွဲ့က ခန့်မှန်းထားသော်လည်း လက်ရှိ ဒဏ်ရာမှာ ထင်မှတ်ထားသည်ထက် ဆိုးရွားနေသောကြောင့်  အနည်းဆုံး နောက်ထပ်တစ်လခန့်  အနားယူရမည်ဖြစ်ကာ အောက်တိုဘာလ ၂၉  ရက်တွင် ကစား မည့် မန်စီးတီးအသင်းနှင့် ပွဲစဉ်ကိုလည်း လွဲချော်မည် ဖြစ်သည်။

မန်ယူအသင်း၌ အသင်းခံစစ်ပိုင်းကို လုခ်ရှောအပြင် နောက်ထပ်အားထားရသည့်    ဘယ်တောင်ပံခံစစ် ကစားသမား   မာလာစီယာလည်း   ဒဏ်ရာကြောင့် အနားယူနေရသည့်အတွက်    အမ်မရာဘက်ကိုသာ အသုံးပြုနေရကြောင်း သိရသည်။