ရန်ကုန်၊ ဘောလုံး
COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းထားရသည့် ၂၀၂၂ ကမ္ဘာ့ ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယ အဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲစဉ်များ ကျင်းပမည့်ရက်ကို နိုဝင်ဘာနောက်ဆုံးပတ်တွင် အာရှဘောလုံး အဖွဲ့ချုပ်က အတည်ပြုဆုံးဖြတ်မည်ဖြစ်ကြောင်း ဗီယက်နမ် အခြေစိုက် VN Express သတင်းဌာနက ဖော်ပြသည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် နိုဝင်ဘာ ၁၁ ရက်ကပြုလုပ်ခဲ့သည့် လာမည့်နှစ် အာရှအဆင့်ပြိုင်ပွဲများ ကျင်းပရေးကော် မတီအစည်းအဝေး၌ ကမ္ဘာ့ဖလားနှင့် အာရှဖလားခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲစဉ်များ ကျင်းပမည့် ကာလကိုသာအတည်ပြုထုတ်ပြန်ခဲ့သော်လည်း ကျင်းပမည့်ရက် အတိအကျကို အတည်ပြုနိုင် ခြင်းမရှိသေး ကြောင်း သိရသည်။
ထို့ကြောင့် အာရှဘောလုံးအဖွဲ့ချုပ်အနေဖြင့် နိုဝင်ဘာနောက်ဆုံးပတ်တွင် အုပ်စုလက်ကျန်ပွဲစဉ်များ ကျင်းပ မည့်ရက် ကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန် ချက်အရ ကျင်းပရန်ကျန်ရှိသည့် အုပ်စု လက်ကျန်ပွဲစဉ်(၇) နှင့်(၈) ကို ၂၀၂၁ ခုနှစ် မတ်လ၊ ပွဲစဉ်(၉) နှင့်(၁၀) ကို ဇွန်လ အတွင်း ကျင်းပရန်သာ ထုတ်ပြန်ခဲ့သည်။
ဒုတိယအဆင့်ခြေစစ်ပွဲများ ပြီးဆုံးပါက ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အဆုံးအဖြတ်ဖြစ်သည့် တတိယအဆင့် ခြေစစ်ပွဲစဉ်များကို ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း အာရှဘောလုံး အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ယင်း ခြေစစ်ပွဲ အုပ်စု (စ)တွင် ဂျပန်၊ တာဂျစ် ကစ္စတန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယား အသင်းတို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် အုပ်စုတွင်းငါးပွဲ ကစားပြီးချိန်တွင် နှစ်ပွဲနိုင်၊ သုံးပွဲရှုံး ရမှတ် ခြောက်မှတ်ဖြင့် အုပ်စုစတုတ္ထနေရာ၌ ရပ်တည်နေသည်။
ကိုရဲ