စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ တာလေမြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအားလည်းကောင်း၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဘားအံမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားလည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မြောက်ဦးမြို့တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအားလည်းကောင်း ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီး၌ သွားရောက် တွေ့ဆုံကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးများက အမှာစကားများပြောကြားကြပြီး စစ်မှုထမ်းဟောင်းဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံ ရယူကြသည်။

ထို့ပြင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေး အဖွဲ့များက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးများနှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးပြီး  ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ စစ်မှုထမ်းဟောင်း အိမ်ရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသတင်းရရှိသည်။