အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲ ပြုလုပ်
နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၅
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ် ပစ်ပြိုင်ပွဲပိတ်ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်မြို့ရှိ နယ်မြေခ ံသင်တန်းကျောင်းစက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အမျိုးသမီး ပစ္စတို ထိ၊ လဲ ပစ် ခတ်စဉ်နှင့် အမျိုးသား ရိုင်ဖယ် ထိ၊ လဲ ပစ်ခတ်စဉ် ပစ်ခတ်နေမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြ သူများ၊ အသင်းလိုက် ဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း(၈)သင်းဖြင့် အောက်တိုဘာလ ၁၇ ရက်မှ ယနေ့ထိ ယှဉ်ပြိုင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။