၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား(ဒုတိယအကြိမ်)ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာ ထောက်ပံ့ ပေးအပ်
နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(မန္တလေး)တို့ရှိ ကျောင်းသား၊ ကျောင်းသူများအား(ဒုတိယအကြိမ်)ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိ သည့် ကျောင်းသား၊ ကျောင်းသူ ၄၉၀ ဦးတို့ကို ကျောင်းသုံးဗလာစာအုပ်နှင့် စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။
၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။