ချောင်းဆုံမြို့နယ်ရှိ မဟာကန်တော်ကြီး၌ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

ချောင်းဆုံမြို့နယ်ရှိ မဟာကန်တော်ကြီး၌ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

 

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၆

     ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ မဟာကန်တော်ကြီး၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်လှေလှော်အားကစားသမားများ၊ အားကစားဝါသနာရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

     ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လှေလှော်ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လှေလှော်ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ကာ ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်လှော်ခတ်နေမှုများကို ကြည့်ရှုအားပေးကြ သည်။

       အဆိုပါ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို တစ်တက်လှော်ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၊ သုံးတက်လှော်ပြိုင်ပွဲဝင်အသင်း ၁၄ သင်း၊ စုစုပေါင်း ၂၅ သင်းဖြင့် အောက်တိုဘာလ ၂၈ ရက်အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။