ရွှေတိဂုံစေတီတော်(အနောက်ဖက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား) မြေအောက်      လမ်းကူး လူသွားဥမင်(Underpass) အဆောက်အဦ ရတနာပန္နက်တော်တင် မင်္ဂလာပြုလုပ်

ရွှေတိဂုံစေတီတော်(အနောက်ဖက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား) မြေအောက်      လမ်းကူး လူသွားဥမင်(Underpass) အဆောက်အဦ ရတနာပန္နက်တော်တင် မင်္ဂလာပြုလုပ်

 

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ-၂၆

   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ (လမ်း/တံတား)မှ တာဝန်ယူတည်ဆောက်မည့် ရွှေတိဂုံ စေတီတော်(အနောက်ဖက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား) မြေအောက်လမ်းကူး လူသွား ဥမင်(Underpass)အဆောက် အဦရတနာပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၌ ပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် တိပိဋက သြဝါဒါ စရိယ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ၊ စေတိယင်္ဂဏ ပဝရ သီရိမဟာ ဓမ္မာဂုရု သ. စ . အ ဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူ၊ လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

    ဉီးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဉက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာ ဘဒ္ဒန္တ အဂ္ဂသာမိ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး  သံဃာတော်များထံမှ ပရိတ် တရားတော်များ နာယူကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။   

    ယင်းနောက် ဆရာတော်ကြီးများက ရတနာပန္နက်တော်နှင့်ရွှေလက်ရိုက်တော်တို့ကို  ပရိတ်နံ့သာရည်များ ပက်ဖျန်း၍ သိဒ္ဓိမင်္ဂလာ ဆင်ယင်ချီးမြှင့်တော်မူကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရတနာပန္နက်တော်အား စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။                      

     အဆိုပါ မြေအောက်လမ်းကူး ဥမင်(Underpass)အဆောက်အဦ  တည်ဆောက် ရာတွင်  ဉမင်လူသွားလမ်းအကျယ် ၂၃ ပေ၊အလျား ၄၆၁ ပေ ၉လက်မ၊ ဝင်ထွက်ပေါက် ၄ ခု၊ရွေ့လျား စက်လှေခါး ၄ စင်း၊  မသန်စွမ်းသူများ  အသုံးပြုရန် ၁၀ ယောက်စီး စက်လှေကား ၂ စင်းတို့ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ဉမင်တည်ဆောက် ပြီးစီး ပါက  ၁ နာရီလျှင် လူဉီးရေ ၁၄၀၀၀ ဉီး ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကာ တည်ဆောက်ကာလမှာ ၁၄ လခန့် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။