၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား(ဒုတိယအကြိမ်) ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ပညာသင် ထောက်ပံ့ငွေ ပေးအပ်

 

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား(ဒုတိယအကြိမ်) ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ပညာသင် ထောက်ပံ့ငွေ ပေးအပ်

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၇

          ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်းကို အောက်တိုဘာလ ၂၆ ရက်နှင့် ယနေ့တို့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့်  တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှိ သတ်မှတ်နေရာ အသီးသီး၌ ပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှားမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးများက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။