တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက် ကြည့်ရှုအားပေး

 

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက် ကြည့်ရှုအားပေး

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၇

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ တပ်မတော်ဆေးတပ်ရင်း၊    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၅၀၀)၊ လှည်ကူးမြို့ နယ်နှင့်  သန်လျင်မြို့တို့ရှိ တပ်မတော်ဆေးရုံများ၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့ရှိ တပ်မတော်ဆေးရုံနှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ နန်းမြို့တွင်းရှိ နယ်မြေခံ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ နှင့် တာဝန်ရှိသူများက ယနေ့တွင် သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးလိုက်လံ မေးမြန်းအားပေးစကား ပြောကြားကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

          ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံများအတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။