မန်စီးတီးအသင်းတိုက်စစ်မှူးဟာလန်း သွင်းဂိုး ၂၇ ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်

 

မန်စီးတီးအသင်းတိုက်စစ်မှူးဟာလန်း သွင်းဂိုး ၂၇ ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်

ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ်ကစားသည့် မန်စီးတီးအသင်းနှင့် ယန်းဘွိုင်းအသင်းတို့ပွဲစဉ်တွင် တိုက်စစ်မှူးဟာလန်းက မန်စီးတီးအသင်းအတွက် သွင်းဂိုး နှစ်ဂိုးသွင်းယူနိုင်ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် သွင်းဂိုး ၂၇ ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းက ယန်းဘွိုင်းအသင်းကို ၃ ဂိုး-၁ ဂိုးဖြင့်အနိုင်ရရှိသည့်ပွဲစဉ်၌ ဟာလန်းသည် ပွဲချိန် ၆၇ မိနစ်နှင့် ၈၆ မိနစ်တို့တွင် အသင်းအတွက် သွင်းဂိုး နှစ်ဂိုးသွင်းယူနိုင်ပြီးနောက် ပရော်ဖက်ရှင်နယ်ကစား သမားဘ၀ ချန်ပီယံလိဂ်သွင်းဂိုး ၂၇ ဂိုးအထိရှိလာပြီး အမ်ဘတ်ပီ၏စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဟာလန်းမတိုင်မီက ချန်ပီယံလိဂ်သွင်းဂိုး ၂၇ ဂိုး သွင်းယူနိုင်သည့်  အသက်အငယ်ဆုံးကစားသမားအဖြစ် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး   အမ်ဘတ်ပီက အသက် ၂၃ နှစ် ၂၉၅ ရက်ဖြင့် စံချိန်တင်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် ဟာလန်းသည် မန်စီးတီးအသင်းနှင့် ယန်းဘွိုင်းအသင်းတို့ပွဲစဉ်၌   ပါဝင်ကစားချိန်တွင် ဟာလန်း၏အသက်မှာ  ၂၃  နှစ်  ၉၆  ရက်သာ ရှိသေးသည့်အတွက် အမ်ဘတ်ပီ၏စံချိန်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်သွင်းဂိုး ၂၇ ဂိုးအထိ သွင်းယူနိုင်သည့်  အသက်အငယ်ဆုံးကစားသမားအဖြစ်   စံချိန်သစ် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဟာလန်းသည်     ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဆဲလ်ဘတ်အသင်း၊ ဒေါ့မွန်အသင်းနှင့် မန်စီးတီး အသင်းတို့တွင် ကစားခဲ့ပြီး   ချန်ပီယံလိဂ် သွင်းဂိုး ၂၇  ဂိုးအထိရှိလာခြင်းဖြစ်ကာ   ပြီးခဲ့သည့် ဘောလုံး ရာသီကလည်း လိုက်ပဇစ်အသင်းနှင့်ပွဲစဉ်တွင် ငါးဂိုးအထိသွင်းယူနိုင်ပြီးနောက် တစ်ပွဲတည်း ငါးဂိုးသွင်းယူနိုင်သည့် တတိယမြောက်ကစားသမား အဖြစ်ပါ မှတ်တမ်းဝင်ထားကြောင်း သိရသည်။

Ref;The Athletic