အင်္ဂလန်ကလပ် အသင်းတစ်သင်းတည်းအတွက် ဥရောပအဆင့်ပြိုင်ပွဲများတွင် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် လီဗာပူးအသင်းတိုက်စစ်မှူး ဆာလက်ချ်စံချိန်သစ်တင်
လီဗာပူးအသင်းတိုက်စစ်မှူး ဆာလက်ချ်သည် ယူရို ပါလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ်ကစားသည့် လီဗာပူး အသင်းနှင့်တူးလော့စ်အသင်းတို့ပွဲစဉ်တွင် လီဗာပူးအသင်းအတွက် သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ပြီးနောက် အင်္ဂလန်ကလပ် အသင်းတစ်သင်းတည်းအတွက် ဥရောပအဆင့်ပြိုင်ပွဲများတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် အာဆင်နယ်အသင်းဂန္ထဝင် ကစားသမားဟောင်း အွန်နရီ၏စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။
ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ်ကစားသည့် လီဗာပူးအသင်းက တူးလော့စ်အသင်းကို ၅ ဂိုး - ၁ ဂိုး ဖြင့်အနိုင်ရရှိသည့်ပွဲစဉ်၌ ဆာလက်ချ်က ပွဲချိန် မိနစ် ၇၀ တွင် လူစားဝင်ကစားပြီးနောက် ပွဲချိန် မိနစ် ၉၀ တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ပြီးနောက် ဥရောပအဆင့်ပြိုင်ပွဲများတွင် လီဗာပူးအသင်း နှင့်အတူ သွင်းဂိုး ၄၃ ဂိုးအထိရှိလာပြီး စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။
အွန်နရီ၏ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ကို အာဆင်နယ်အသင်းတွင် ၁၉၉၉ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့ပြီး ဥရောပအဆင့်ပြိုင်ပွဲများဖြစ် သည့် ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ယူရိုပါလိဂ်ပြိုင်ပွဲတို့တွင် သွင်းဂိုး ၄၂ ဂိုးအထိသွင်းယူနိုင်ပြီးနောက် အင်္ဂလန် ကလပ်အသင်းတစ်သင်းတည်းအတွက် ဥရောပအဆင့် ပြိုင်ပွဲများတွင် သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားခြင်းဖြစ်သည်။
ယခုအခါ ဆာလက်ချ်သည် ၂၀၁၇ ခုနှစ်က ရိုးမား အသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားပြီး နောက် အသင်းနှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၄၁ ဂိုးနှင့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ပြီး စုစုပေါင်းသွင်းဂိုး ၄၃ ဂိုးဖြင့် အွန်နရီ၏စံချိန်ကို တစ် ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆာလက်ချ်သည် ယခုဘောလုံးရာသီ၌ လီဗာပူး အသင်းနှင့်အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုးပွဲ ကစားပြီး ခုနစ်ဂိုးအထိ သွင်းယူထားနိုင်ကြောင်း သိရ သည်။
Ref;Football London