မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး သဘောထားထုတ်ပြန်ချက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး

သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်

 

၁။      ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်များ၏ နေရာအချို့ကို အောက်တို ဘာလ ၂၇ ရက်တွင် သောင်းကျန်းသူများက ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့သဖြင့် အပြစ်မဲ့ပြည်သူတစ်ချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

၂။      ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများကို ထိခိုက်ပျက်စီးစေရန်နှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်စီးအောင် ပြုလုပ်နေသော လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်အပ်ပါသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး