မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် သဘောထားထုတ်ပြန်ချက် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၂၉) ရက်

မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်

သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၂၉) ရက်

၁။      ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လားရှိုး၊ မူဆယ်၊ နမ့်ဖက်ကာ စသည့်မြို့နယ်အချို့ အား အောက်တိုဘာလ ၂၇ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများက ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် အပြစ်မဲ့ပြည်သူတစ်ချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

၂။      ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများကို ထိခိုက်ပျက်စီးစေရန်နှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်စီးအောင်ပြုလုပ်နေသော လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များပေါ် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။

 

မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်