မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး အကြမ်းဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်

မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး

အကြမ်းဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း

သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်

 

၁။      ၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့နံနက်တွင် လက်နက်ကိုင်သောင်းကျန်း သူများက ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖက်ကာနှင့် သိန္နီဒေသကို တိုက်ခိုက်ပြီး အပြစ်မဲ့ပြည်သူအရပ်သားများအား ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

၂။      ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ သေကျေဒဏ်ရာရရှိစေခြင်းနှင့် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့အပေါ်  မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးက ပြင်းထန်စွာ ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

 

 

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး