မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို) အကြမ်းဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်

မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)

အကြမ်းဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်

၁။      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြို့နယ်များရှိ နေရာအချို့ကို အောက်တိုဘာလ ၂၇ ရက်တွင် သောင်းကျန်းသူများက ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် အပြစ်မဲ့ပြည်သူတစ်ချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

၂။      ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများကို ထိခိုက်ပျက်စီးစေရန်နှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်စီးအောင်ပြုလုပ်နေသော လက်နက်ကိုင်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များပေါ် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)က ပြင်းထန်စွာ ရှုတ်ချပါ ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)