သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

 

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၂၉

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ယခုနှစ် ဩဂုတ်လ ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓါဘိသေကအနေ ကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာ အခမ်းအနားများကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့  အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကာ နေ့ထူးနေ့မြတ် အခါသမယများတွင် အထူးစည်ကားများပြားလျက်ရှိသည်ကို တွေ့ရှိရ သည်။ 

ယနေ့သည် ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်ပြီး ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင် အများပြည်သူရုံးပိတ်ရက်ဖြစ်သည်နှင့် အညီ နိုင်ငံတော် တစ်ဝန်းလုံးရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားဖူး ကုသိုလ်ယူ သူများဖြင့် စည်ကားလျက်ရှိပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများ၊ ကုသိုလ်ကောင်းမူပြုလုပ်ကြသူများ၊ ဥပုသ်သီတင်းဆောက်တည်ကြသူများ ဖြင့် အထူးစည်ကား လျက်ရှိသည်။

ထို့ပြင် ဘုရားဖူးရဟန်း၊ ရှင်လူ ပြည်သူများနှင့် ဘိုးဘွားများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရား ထက် သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြပြီး ခုနှစ်ရက်သားသမီး အလှူရှင်များ အနေဖြင့်လည်း ဘုရားဖူးလာသူများကို အာဟာရဒါနစတုဒိသာများဖြင့် ကျွေးမွေး လှူ ဒါန်းလျက်ရှိသည်ကို တွေ့မြင်ရသည်။

ထိုသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးရဟန်း၊ ရှင်လူ ပြည်သူ များနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ ခေါင်းလောင်း တော်နှင့် ကျောက်စာရုံစေတီတော်များအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက် အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် ဝါကျွတ်ကာလအခါသမယအဖြစ် ဆီမီးထွန်းညှိပူဇော် ခြင်းများ၊ မီးပုံများလွှတ်တင်ပူဇော်ခြင်းများ၊ လျှပ်ပန်းရောင်စုံ LED မီးပန်းစုံတို့ဖြင့် ပူဇော် ခြင်း၊ ဝတ်ရွတ်အသင်းများက ဝတ်ရွတ်ပူဇော်ခြင်းနှင့် မီးပုံးပျံများလွှတ်တင်ခြင်းကို ဆောင်ရွက်  ကြသည်။

ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရဟန်း၊ ရှင်လူ အများပြည်သူ များ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင် ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ်စည်ကား လျက်ရှိကြောင်း၊ ယနေ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင်လည်း ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူ ၆၈၀၈၁ ဦး လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း၊ မြန်မာတို့၏ နေ့ထူးနေ့မြတ်များနှင့် အခါကြီးရက်ကြီးနေ့များတွင်လည်း ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရှိရပြီး စတင်ဖူးမြော်ခွင့်ပေးခဲ့သည့်နေ့မှစ၍ ယနေ့အထိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုသူ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူ စုစုပေါင်း ၉၆၆၇၁၃ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။