အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဦးပိန်တံတားလူစည်ကား၍ အရှေ့ ဘက်ခြမ်း တံတားကျိုးကျမှုဖြစ်ပွား

 

အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဦးပိန်တံတားလူစည်ကား၍ အရှေ့ ဘက်ခြမ်း တံတားကျိုးကျမှုဖြစ်ပွား

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ ၂၉

အဘိဓမ္မာအခါတော်နေ့၊ သီတင်းကျွတ်လပြည့်နေ့တွင် မန္တလေးတိုင်းဒေသကြီး အတွင်း၌ လာရောက်လာပတ်သူများ စည်ကားများပြားလျှက်ရှိရာ၊ အမရပူရမြို့ရှိ ဦးပိန်တံတား၌ လူများပြားသဖြင့် ယနေ့မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က တောင်သမန် ဘက်ခြမ်း၊ တိုင်အမှတ် ၃၃၉ နှင့် ၃၄၀ ကြား ပြိုကျမှုဖြစ်ပွားခဲ့ပြီး ကျား ၈ ဦး မ ၁၅ ဦး ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်းနှင့် တံတားပျက်စီးရာသို့ တာဝန်ရှိသူများက လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

အဆိုပါ ဦးပိန်တံတားသည် ၁၈၄၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၁၇၀ ကျော်သက်တမ်းရှိပြီဖြစ်သည်။ တံတားအရှည်မှာ ၁ ဒသမ ၂ ကီလိုမီတာ အရှည်ရှိပြီး ကမ္ဘာပေါ်တွင် အရှည်ဆုံးကျွန်းသားတံတားဖြစ်ကာ မြန်မာ့ရှုခင်းကောင်းတစ်ခုနှင့် အပန်းဖြေလေ့လာ ရန်နေရာတစ်ခုအဖြစ် ကျော်ကြားလျက်ရှိသည်။

ယနေ့အဘိဓမ္မာအခါတော်နေ့တွင် တံတားရှေ့ဘက်ခြမ်း စက္ကူပန်းခြံနှင့် အနောက် ဘက်ခြမ်း ကန်ဘောင်လမ်းဘက်တွင်လည်း စည်းကားလျက်ရှိပြီး လမ်းများပိတ်ဆို့နေ၍ တာဝန်ရှိများက အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။