TNLA အကြမ်းဖက်သမားများက နမ့်ခမ်းမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာယာကုန်းရပ်ကွက်မှ အသက် ၁၂ နှစ်နှင့် ၉ နှစ် အရွယ် ကလေးငယ် ၂ ဦး သေဆုံးကာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၃၀

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့အတွင်းသို့ TNLA အကြမ်းဖက်သ မားများက ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သာယာကုန်း ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ကလေးငယ် ၂ ဦးသေဆုံးကာ ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

      ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက် နံနက် ၅ နာရီခန့်တွင် TNLA အကြမ်းဖက် သမားများက နမ့်ခမ်းမြို့အတွင်းသို့ မြို့၏တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာမှ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါအကြမ်းဖက် သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဒုံးသီးများသည် နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက် အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အသက် ၁၂ နှစ်နှင့် ၉ နှစ်အရွယ် အပြစ်မဲ့ကလေးငယ် ၂ ဦး သေဆုံးခဲ့ကာ အသက် ၄ နှစ် အရွယ်ကလေးငယ် ၁ ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ ဒဏ်ရာရရှိသည့် ကလေးငယ်အား နမ့်ခန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။