မန်ယူအသင်း အိမ်ကွင်းရှုံးပွဲ ၃၄ ပွဲအထိရှိလာပြီး နည်းပြဟောင်း ဖာဂူဆန် တာဝန်ယူကိုင်တွယ်ခဲ့သည့် ကာလတစ်လျှောက်နှင့် အိမ်ကွင်းရှုံးပွဲ တူညီလာ

မန်ယူအသင်း အိမ်ကွင်းရှုံးပွဲ ၃၄ ပွဲအထိရှိလာပြီး နည်းပြဟောင်း ဖာဂူဆန် တာဝန်ယူကိုင်တွယ်ခဲ့သည့် ကာလတစ်လျှောက်နှင့် အိမ်ကွင်းရှုံးပွဲ တူညီလာ

 

    ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၀)အဖြစ် ကစားသည့် မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့ပွဲစဉ်တွင် မန်ယူ အသင်းက အိမ်ကွင်းတွင် ၃ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့် ပြီးနောက် အိမ်ကွင်းရှုံးပွဲ ၃၄ ပွဲအထိရှိလာပြီး နည်းပြ ဟောင်း  ဖာဂူဆန်တာဝန်ယူ ကိုင်တွယ်ခဲ့သည့်ကာလ တစ်လျှောက်  အိမ်ကွင်းရှုံးပွဲ အရေအတွက်နှင့်  တူညီ လာခဲ့ကြောင်း သိရသည်။

မန်ယူအသင်းကို   ဆုဖလားများစွာ ရယူပေးနိုင်ခဲ့ သည့် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်သည် မန်ယူအသင်း ကို  ၁၉၈၆  ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၂၇ နှစ်ကြာ တာဝန်ယူကိုင်တွယ်ရာ အိမ်ကွင်း အိုးထရက်ဖို့ဒ်၌ ရှုံးပွဲ ၃၄ ပွဲသာရှိခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းကို နည်းပြဖာဂူဆန်တာဝန်ယူ ကိုင်တွယ်ခဲ့သည့်အချိန်က အိမ်ကွင်း၌ ရလဒ်ကောင်းများ ရရှိခဲ့သော်လည်း ဖာဂူဆန်အနားယူပြီးနောက် အိမ်ကွင်း၌ ရလဒ်များ ဆိုးရွားလာခြင်းဖြစ်သည်။

မန်ယူအသင်းတွင်  နည်းပြဖာဂူဆန် အနားယူပြီးနောက် နည်းပြဒေးဗစ်မိုယက်စ်၊  နည်းပြဗန်ဂါးလ်၊ နည်းပြမော်ရင်ဟို၊ နည်းပြဆိုးလ်ရှားနှင့် လက်ရှိနည်းပြ  တန်ဟတ်  စသည့်နည်းပြများ အဆင့်ဆင့်ပြောင်းလဲ တာဝန်ယူခဲ့ပြီးနောက် အောက်တိုဘာလ ၂၉ ရက် ညပိုင်းက ကစားသည့် မန်စီးတီးအသင်းနှင့် ပွဲစဉ်တွင် ရှုံးနိမ့်ပြီးနောက် အိမ်ကွင်း အိုးထရက်ဖို့ဒ်၌  ရှုံးပွဲ  ၃၄ ပွဲအထိရှိလာပြီး နည်းပြငါးဦးနှင့် နည်းပြဖာဂူဆန်တို့ အိမ်ကွင်းရှုံးပွဲမှာ တူညီလာခဲ့ကြောင်း သိရသည်။