တရားမဝင် သစ်မျိုးစုံ၊ ကြွေထည်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ တိရစ္ဆာန်ဆေးဝါးများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ ကြွေထည်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ တိရစ္ဆာန်ဆေးဝါးများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  အောက်တိုဘာ  ၃၀

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အောက်တိုဘာလ ၂၈ ရက်တွင် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ မုပ္ပလင်-စွပ္ပနူး-အင်္ဂဘို ရှောင်ကွင်းလမ်းအနီး  ရပ်တန့်ထားသော လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀၀)ကို လည်းကောင်း၊ အောက်တိုဘာလ ၂၉ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးနှင့်   သထုံမြို့မှပဲခူးမြို့သို့ မောင်းနှင်လာသည့်   မော်တော်ယာဉ်(၁)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကြွေပန်းကန်မျိုးစုံ ကီလိုဂရမ်(၄၅၀)၊ Porcelain Pillar ကြွေတိုင် ကီလိုဂရမ် (၅၄၀၀)၊ Prawn Hornet စားအုန်းဆီ လီတာ(၁၄၄၀) အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၈၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan  (၁)စီး၊ Toyota Hiace  (၁)စီး၊ Dong Feng Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၄၀၀၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်(၁)ခုအတွင်းမှ မူးယစ်ဆေးဝါးဟု ယူဆရသော အမှုန့်များ (၆) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၈၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၂၈ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၃၉ ဒသမ ၂၁၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၈၀၃၂၄)ကို လည်းကောင်း၊ အောက်တိုဘာလ ၃၀ ရက်တွင်   ပဲခူးခရိုင်အတွင်း၌ တရားမဝင်  ကျွန်းသစ်(၀ ဒသမ ၅၂၁)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၄၃၈၆၀)ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၂၂၄၁၈၄)ကိုဖမ်းဆီးရမိခဲ့ပြီး    သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အောက်တိုဘာလ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၈/၄)နှင့် (၈/၃)ကြား၌ တရားမဝင် ကျွန်းသစ် (၄ ဒသမ ၁၀၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၄၂၅၂၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့်     ွှသပသအေ ီပညေ (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၇၄၂၅၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အောက်တိုဘာလ ၃၀ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း၌ တရားမဝင်ဆေးဝါးများ Gut Boost တိရစ္ဆာန်အားဆေး (၁၇၃၇)ဘူး အပါအဝင် တိရစ္ဆာန်ဆေးဝါး (၁၃)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၉၂၇၀၀)ကိုဖမ်းဆီးရမိခဲ့ပြီး    အမျိုးသားဆေးဝါး ဥပဒေနှင့်အညီ    အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ အောက်တိုဘာလ ၂၈ ရက်၊  ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ အမှုတွဲ(၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၄၇၅၉၄၀၄)  ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။