တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သင်တန်းသားများအလိုရှိသည်

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သင်တန်းသားများအလိုရှိသည်

 

၁။      လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံရမည်-

     (က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို)ဖြစ်ရမည်။

     (ခ )  လျှောက်ထားသူသည် ၁-၁-၂၀၂၄ ရက်နေ့တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၉ နှစ် ၆ လထက်မကြီးရ။

     (ဂ )    တက္ကသိုလ်ဝင် စာမေးပွဲကို ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒ ဘာသာတွဲများဖြင့် အောင်မြင်ပြီးသူဖြစ်ရမည်။

     (ဃ) အနည်းဆုံး အရပ်(၅)ပေ(၃)လက်မ၊ ကိုယ်အလေးချိန်ပေါင်(၁၀၀)ထက် မနည်းရ၊ ပေါင်(၁၄၀)ထက်မကျော်ရ။

     (င)     မျက်မှန်တပ်ဆင်ထားသူ မဖြစ်စေရ။  

၂။    လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal (www.myawady. net.  mm/ nurse(male))  တွင်  Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၈-၁၀-၂၀၂၃ ရက်နေ့မှစ၍ ၁၈-၁၁-၂၀၂၃  ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

     (က)   နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

     (ခ )     တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်။

      (ဂ) အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်/မြို့နယ်ရဲတပ်ဖွဲ့ စခန်းတစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ တစ်လအတွင်း ရရှိသည့် ထောက်ခံစာ(မူရင်း)။

     (ဃ)   တစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံ။       

    (င)      အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)မိတ္တူ။

    (စ)     မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။

၃။ သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် ဇီဝဗေဒဘာသာတွဲတို့ကို တက္ကသိုလ်ဝင် စာမေးပွဲသင်ရိုးညွှန်းတမ်း အတိုင်း အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ နေပြည်တော်၌ ၂-၁၂-၂၀၂၃ ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။

၄။      အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် ၁၂-၁၂-၂၀၂၃ ရက်နေ့မှ ၁၈-၁၂-၂၀၂၃ ရက်နေ့အတွင်း တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေး ခံရမည်။ တပ်မတော်ဗိုလ်ရွေးအဖွဲ့မှ စစ်ဆေး အောင်မြင်သူများကို စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးစစ်အောင်မြင်သူများကို သင်တန်းသားအဖြစ် အတည်ပြုရွေးချယ်မည်။

၅။ သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ်(၁၆၈၀၀၀)ကျပ်၊ ဒုတိယနှစ် (၁၇၄၀၀၀)ကျပ်၊ တတိယနှစ်(၁၈၀၀၀၀)ကျပ်၊ စတုတ္ထနှစ် (၁၈၆၀၀၀)ကျပ်ရရှိမည်။

၆။ သင်တန်းအောင်မြင်ပြီးလျှင် မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် အောက်ပါဘွဲ့များ အပ်နှင်းပေးမည်-

      (က)   သူနာပြုသိပ္ပံဘွဲ့ B.N.Sc(Bachelor of Nursing Science)  

      (ခ)     ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့  B.Pharm(Bachelor of Pharmacy)

      (ဂ)     ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာ)   B.Med.Tech (Medical Laboratory Technology)

      (ဃ) ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာ ခန္ဓာသန်စွမ်းမှုနည်းပညာ)     B.Med.Tech(Physiotherapy)

      (င)    ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ)  B.Med.Tech(Physiotherapy)

     (စ) ခြေတုလက်တုနှင့် အားပြုကိရိယာ နည်းပညာသိပ္ပံဘွဲ့   B.Med.Tech(Prosthetics and Orthotics)

 ၇။  သင်တန်းပြီးမြောက် အောင်မြင်သောအခါ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့တွင် သူနာပြု(Nurse)နှင့် ဆေးဘက် ကျွမ်းကျင်သူများအဖြစ် ခန့်အပ်ပေးမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက  မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် မဟာသိပ္ပံဘွဲ့(Master of Science)နှင့် ပါရဂူဘွဲ့(Ph.D) သင်တန်းများ တက်ရောက်ခွင့် ရရှိမည်။

၈။ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့တွင် သူနာပြု(Nurse)/ဆေးဘက် ကျွမ်းကျင်သူ(တတိယတန်း) အမှုထမ်းသက် (၁)နှစ်၊ အထက်တန်း သူနာပြု/ဆေးဘက် ကျွမ်းကျင်သူ(ဒုတိယတန်း) အမှုထမ်းသက်(၂)နှစ်၊  စုစုပေါင်း ၃ နှစ်ပြည့်မြောက်ပြီး သက်ဆိုင်ရာတို့မှ ပြန်တမ်းဝင် အရာရှိအဖြစ် အဆင့်တိုးမြှင့်ပေးရန် ထောက်ခံတင်ပြလျှင် ဒုတိယဗိုလ်(အထက်တန်းသူနာပြု/ ကျွမ်းကျင်သူ(ဒုတိယတန်း)) အဖြစ် စတင် ခန့်အပ် ပေးမည်။

မှတ်ချက်။ အသေးစိတ် သိရှိလိုပါက မိမိတို့လျှောက်လွှာ ထုတ်ယူခဲ့သည့် တပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။