ဒေါ့မွန်အသင်းက လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းနှင့် အဆင်မပြေဖြစ်နေသည့် ဆန်ချိုကို ပြန်လည်ခေါ်ယူရန် ချိတ်ဆက်မှုပြုလုပ်
ဒေါ့မွန်အသင်းက လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းနှင့်ဆက်ဆံရေး အဆင်မပြေဖြစ်နေသည့် ဆန်ချိုကို ပြန်လည်ခေါ်ယူရန် ချိတ်ဆက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ် ဆန်ချိုသည် ၂၀၁၇ ခုနှစ် က မန်စီးတီးအသင်းမှ ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ ကစားပြီးနောက် ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနိုင်ခဲ့ကာ ၂၀၂၁ ခုနှစ်က ဒေါ့မွန်အသင်းမှ မန်ယူအသင်း သို့ ထပ်မံပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။
ဆန်ချိုသည် မန်ယူူအသင်း၌ ဒေါ့မွန်အသင်းတွင် ကစားစဉ်ကကဲ့သို့ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ရုန်းကန်နေရပြီး ယခုဘောလုံးရာသီတွင်လည်း နည်းပြတန် ဟတ်နှင့် ဆက်ဆံရေး မပြေလည်မှုများလည်း ရှိနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်က ကစားသည့် အာဆင်နယ်အသင်းနှင့် မန်ယူအသင်းတို့ ပွဲစဉ်အပြီးတွင် နည်းပြတန်ဟတ်နှင့် ဆန်ချိုတို့ကြား ဆက်ဆံ ရေးတင်းမာမှုများ ဖြစ်ပွားပြီးနောက် နည်းပြတန်ဟတ် က လက်ရှိအချိန်ထိ ဆန်ချိုကို အသင်းနှင့် ပူးပေါင်းခွင့် ပိတ်ပင်ထားပြီး လူငယ်အသင်းနှင့်သာ ပူးပေါင်းစေ ခြင်းဖြစ်သည်။
ယခုအခါ ဒေါ့မွန်အသင်းက လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ဆန်ချိုကို ပြန်လည် ခေါ်ယူရန် ချိတ်ဆက်နေကြောင်း သိရသည်။