ကိုင်ရို နိုဝင်ဘာ ၂ဝ
နိုင်ငံတကာပွဲများကစားရန် အီဂျစ် အသင်း သို့သွားရောက်ပူးပေါင်းစဉ် COVID- 19 ကူးစက်ခံရသော လီဗာပူး တိုက် စစ်မှူး ဆာလက်ချ်နှင့် အာဆင်နယ် ကွင်းလယ်ကစားသမား အယ်လ်နီနီတို့ကို နှစ်ကြိမ်တိုင် ရောဂါပိုး ဆေးစစ်ရာ ပိုးရှိနေသေးကြောင်း တွေ့ရရှိသဖြင့် နိုဝင်ဘာ ၂၀ရက်ကအီဂျစ်မှ ဗြိတိန်သို့ အရေးပေါ် ဆေးဘက်ဆိုင်ရာ ပစ္စည်းများပါသည့် သီးသန့်လေယာဉ်ဖြင့် ပြန်လာပြီဖြစ်ကြောင်း အီဂျစ်ဘောလုံး အဖွဲ့ချုပ်က အတည်ပြု ကြေညာခဲ့သည်။
ဆာလက်ချ် ရောဂါလကဏ္ခာ နည်းနည်းသာပြသပြီး နှစ်ဦးစလုံးကျန်းမာရေး အခြေအနေ ကောင်းမွန်သဖြင့် အီဂျစ် ဘောလုံးအဖွဲ့ချုပ်မှ သက်ဆိုင်ရာ ကလပ်အသင်းများ ပူးပေါင်းညှိနှိုင်းပြီး ဗြိတိန်သို့ ပြန်ရန် စီစဉ်ခဲ့သည်ဟု အီဂျက်ဘောလုံး အဖွဲ့ချုပ်က ကြေညာခဲ့သည်။
အယ်လ်နီနီ မှာ နိုင်ငံအတွက် ဘောလုံးကစားရင်း ကစားရင်း ပိုးကူးစက်ခံရခြင်းဖြစ်ကာ ဆာလက်ချ်မှာ အီဂျစ်သို့ ရောက်ခိုက် ညီဖြစ်သူ မင်္ဂလာဆောင်ပါတီ တက်ရာမှ ကူးစက်ခံလိုက်ရခြင်း ဖြစ်သည်။ ထိပ်တန်း ပရော်ဖက်ရှင် နယ် အားကစားသမားများ နှစ်ပတ် Quarantine ဝင်စရာမလိုဟု အစိုးရက ထုတ်ပြန် ထားသော်လည်း ဆာလက်ချ်သည် ပါတီပွဲမှ ကူးစက်ခံရသဖြင့် ဘောင်မဝင်ဘဲ နှစ်ပတ် Quarantine ဝင်ရ ကြောင်း သိရသည်။
ဘောလုံးသမားများ ပိုးကူးစက်ခံရ လျှင် ၁ဝရက် မဖြစ်မနေ သီးခြား ခွဲနေထိုင်ရ မည်ဖြစ်ရာ ဆာလက်ချ်သည် နိုဝင်ဘာ ၂၂ ရက်ညလက်စတာနှင့် အိမ်ကွင်းပွဲ၌ ပါဝင်နိုင်တော့မည် မဟုတ်ဘဲ ၁ဝ ရက် သီးခြားနေထိုင်ပြီး ပိုးမတွေ့မှ အသင်းနှင့် လေ့ကျင့်ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။