အောင်မြင်မှုများ ဆက်ထိန်းနိုင်ရန် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကို စာချုပ်သက်တမ်းနှစ်နှစ် ထပ်တိုး ချုပ်ဆို

မန်ချက်စတာ၊ ဘောလုံး

အောင်မြင်မှုများ ဆက်ထိန်းနိုင်ရန် မန်စီးတီးအသင်းသည် စာချုပ်သက်တမ်း ခုနစ်လသာကျန်တော့သည့် နည်းပြဂွါဒီ ယိုလာကို စာချုပ်သက်တမ်းထပ်တိုးနိုင် ရေးအတွက် မန်စီးတီးအသင်း စိတ်ပူနေရမှုသည် အဆုံး သတ်နိုင်ခဲ့ပြီး ဂွါဒီယိုလာသည် ပြီးခဲ့သည့် ရက်အပိုင်းကပါင် အသင်းဘုတ်အဖွဲ့မှ အကြီးအကဲ သုံးဦးနှငသ့် ဆွေးနွေး မှုများ ပြုလုပ်အပြီး စာချုပ်သက်တမ်းနှစ်နှစ် ထပ်တိုး ချုပ်ဆိုလိုက်ပြီဖြစ်သည်။

ယခင် အသင်းများဖြစ်သော ဘာစီလိုနာနှင့် ဘိုင်ယန်တို့ကို နှစ်အနည်းငယ်သာ နည်းပြခဲ့သည့် ဂွါဒီယိုလာသည် ၂ဝ၁၆ ခုနှစ်တွင် မန်စီးတီးနည်းပြ ဖြစ်လာသည့်အတွက် ယခုနှစ်စာချုပ်သက်တမ်းကုန်ဆုံးလျှင် မန်စီးတီးမှ ထွက်ခွာပြီး ကလပ်အသင်းနည်းပြအလုပ်ကို စွန့်လွှတ်ကာ နိုင်ငံအသင်း နည်းပြလုပ်လိမ့်မည်ဟု သတင်းများထွက် ပေါ်နေခဲ့သည်။

ထို့ပြင် ပီအက်စ်ဂျီအသင်းသည် ဂွါဒီယိုလာကို နောက်ရာသီတွင် ခေါ်ယူရန် ရေပန်းအစားဆုံး ဖြစ်နေသည်ဆိုသော သတင်း များလည်း ထွက်ပေါ်နေကာ ယခု မန်စီးတီးအသင်းသည် ထိုသတင်းများ အတွက် စိုးရိမ်စရာ မလိုတော့ဘဲ ဂွါဒီယိုလာကို ၂ဝ၂၂ ခုနှစ်အထိ အသင်း နည်း ပြအဖြစ် ဆက်လက်ခန့်ထားနိုင်ခဲ့ပြီဖြစ်သည်။

ဂွါဒီယိုလာသည် မန်စီးတီးတွင် တစ်ရာသီလစာ ပေါင် ၁၅ သန်းအထိရရှိနေ သော်လည်း ဇနီးသည်နှင့်မိသားစုသည် စပိန်သို့ ပြန်နေထိုင်ကြပြီး ဂွါဒီယိုလာက သားဖြစ်သူ  မာရီယက်နှင့် နှစ်ယောက်တည်း နေထိုင်ရသဖြင့်  စပိန်သို့ပြန်ချင် နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မန်စီးတီးတွင်မပြီးဆုံး နိုင်သောအလုပ်များကို ဆက်လုပ်ရဦးမည်ဟု ပြောသည်။

မန်စီးတီးတွင် ၂ဝ၁၈ နှင့် ၂ဝ၁၉ ခုနှစ်တို့က နှစ်နှစ်ဆက်တိုက် ပရီးမီယားလိဂ် ဖလား ရယူနိုင်သကဲ့သို့ အဓိက ဆုဖလားပေါင်း ခြောက်ခုယူပေးနိုင်ခဲ့သည့် ဂွါဒီယိုလာက '' ကျွန်တော် ဒီအသင်းမှာ မပြီးပြတ်သေးတဲ့ အလုပ်တွေ ရှိနေသေးတယ်လို့ ခံစားရတယ်။ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း အသင်းက အတူတကွအောင်မြင်မှုတွေ ဆက်တိုက်ရခဲ့တယ်။ အောင်မြင်မှုတွေကို ဆက်ထိန်းထားနိုင်ဖို့နဲ့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ထက် ကျော်ဖြတ် တက်လှမ်းနိုင်ဖို့ဖြစ်တယ်။ အသင်းနဲ့ခရီး ဆက်ကြတာပေါ့'' ဟု ပြောသည်။

မန်စီးတီးအသင်းသည် ဂွါဒီယိုလာကို စာချုပ်သက်တမ်းတိုးပြီးနောက် ယခု ရာသီကုန်တွင် အလွတ်ခေါ်ယူနိုင်မည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ထိုအချိန်အထိမစောင့်ဘဲ ဇန်နဝါရီဈေးကွက် တွင်ပင် အလွတ်ပြောင်း ရွေ့ကြေး ပေးပြီး ခေါ်ယူနိုင်ရေးကို အဓိက ထားနေပြီဖြစ်ကြောင်း သိရသည်။