နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမား တိုနာလီအား အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လောင်းကစားမှုနှင့် စွဲချက်တင်စစ်ဆေးပြီး အရေးယူမှုပြုလုပ်မည်

နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမား တိုနာလီအား အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လောင်းကစားမှုနှင့် စွဲချက်တင်စစ်ဆေးပြီး အရေးယူမှုပြုလုပ်မည်

 

    အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က နယူးကာဆယ် အသင်းကွင်းလယ် ကစားသမား တိုနာလီအား လောင်းကစားမှုနှင့် စွဲချက်တင်စစ်ဆေးပြီး  အရေးယူမှုပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်  နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလက အေစီမီလန်အသင်းမှ နယူးကာဆယ်အသင်းသို့  ပြောင်းရွှေ့ကြေး စတာလင်ပေါင်  ၅၂  သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့သည့်  တိုနာလီသည်  ပြီးခဲ့သည့်လက နိုင်ငံတကာပွဲစဉ်များ ကစားရန် အီတလီအသင်း နှင့် သွားရောက်ပူးပေါင်းစဉ် အီတလီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တိုနာလီအား လောင်းကစားမှုဖြင့် စွဲချက်တင်ကာ စစ်ဆေးခြင်းဖြစ်သည်။

တိုနာလီသည်  နယူးကာဆယ်အသင်း၌  ကစားစဉ်  လောင်းကစားမှုပြုလုပ်ခြင်း မဟုတ်ဘဲ  အသင်းဟောင်း အေစီမီလန်အသင်း၌ ကစားခဲ့စဉ်က အေစီ မီလန်အသင်း ကစားသည့် ပွဲစဉ်များ၌ လောင်းကစားမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ဝန်ခံခဲ့သည်။

တိုနာလီကိုယ်တိုင်ကလည်း  အေစီမီလန်အသင်း၌   ကစားစဉ်က  လောင်းကစားမှုများ ပြုလုပ်ခဲ့သည်ဟု အီတလီတရားရုံး၌ ဝန်ခံမှုများ ပြုလုပ်ထားသည့်အတွက် အီတလီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တိုနာလီကို ဘောလုံးကစားခွင့်  ၁၀ လပိတ်ပင်ခဲ့သည့်အပြင် လောင်းကစားမှု ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှစ်လသတ်မှတ်ခဲ့သည်။

ယခုအခါ   အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တိုနာလီကို လောင်းကစားမှုတွင် ပါဝင်ခြင်း ရှိ၊မရှိ နှင့်ပတ်သက်၍  စစ်ဆေးမှုများ ပြုလုပ်နေပြီး  ပြစ်မှုထင်ရှားပါက သီးသန့်အရေးယူမှုများ ပြုလုပ်မည်ဖြစ် သည်။

လက်ရှိတွင်  အင်္ဂလန်နိုင်ငံဘောလုံး အဖွဲ့ချုပ်က စစ်ဆေးမှုများ ပြုလုပ်နေပြီး    စစ်ဆေးမှုအပြီးတွင်  ပြင်းထန်သည့်ပြစ်ဒဏ်တစ်ရပ် ချမှတ်ဖွယ်ရှိကြောင်း သိရသည်။