မက်ဆီကိုကျော်ဖြတ်ပြီး မေဂျာလိဂ်ပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံးမျက်နှာသစ် ကစားသမားဆုကို အတ္တလန္တာ ယူနိုက်တက်အသင်း တိုက်စစ်မှူးဂယော်ဂို့စ်ဆွတ်ခူး

မက်ဆီကိုကျော်ဖြတ်ပြီး မေဂျာလိဂ်ပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံးမျက်နှာသစ် ကစားသမားဆုကို အတ္တလန္တာ ယူနိုက်တက်အသင်း တိုက်စစ်မှူးဂယော်ဂို့စ်ဆွတ်ခူး

 

    ယခုဘောလုံးရာသီ  မေဂျာလိဂ်ပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံး မျက်နှာသစ် ကစားသမားဆုကို အင်တာ မိုင်ယာမီအသင်း တိုက်စစ်မှူး မက်ဆီကို ကျော်ဖြတ်ပြီး အတ္တလန္တာယူနိုက်တက်အသင်း       တိုက်စစ်မှူး ဂယော်ဂို့စ်က ဆွတ်ခူးရရှိကြောင်း သိရသည်။

မက်ဆီသည် ပီအက်စ်ဂျီအသင်းမှ အင်တာမိုင်ယာမီ အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အသင်းနှင့် အတူ   အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး   မေဂျာလိဂ်ရှုံးထွက်ဖလား  ဆွတ်ခူးခဲ့သည့်အပြင်  ယူအက်စ် အိုးပင်းပြိုင်ပွဲ၌လည်း ဗိုလ်လုပွဲစဉ်အထိ တက်ရောက်အောင်  စွမ်းဆောင်ပေးနိုင်ခဲ့သည်။  သို့သော်လည်း မေဂျာလိဂ်ပြိုင်ပွဲ၌   ခြောက်ပွဲကစားရာ  နှစ်ဂိုးသာ သွင်းယူနိုင်ပြီး   အသင်းကိုလည်း  မေဂျာလိဂ်ရှုံးထွက် အဆင့်သို့   တက်ရောက်အောင်   စွမ်းဆောင်နိုင်ခြင်း မရှိသည့်အတွက်   မေဂျာလိဂ်ပြိုင်ပွဲ၏   တစ်နှစ်တာ အကောင်းဆုံး မျက်နှာသစ် ကစားသမားဆုနှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။

အသက် ၂၈ နှစ်အရွယ် အတ္တလန္တာယူနိုက်တက် အသင်းတိုက်စစ်မှူး ဂယော်ဂို့စ်သည် အသင်းနှင့်အတူ   မေဂျာလိဂ်ပြိုင်ပွဲ၌   အကောင်းဆုံးခြေစွမ်းပြ နိုင်ပြီး ၂၇  ပွဲပါဝင်ကစားရာ  ၁၇  ဂိုးအထိ သွင်းယူထားကာ   အသင်းကို   ရှုံးထွက်အဆင့်ထိ   တက်ရောက်အောင် စွမ်းဆောင်နိုင်သည့် အတွက် မက်ဆီကိုကျော်ဖြတ်ပြီး မေဂျာလိဂ်ပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံးမျက်နှာ သစ်ကစားသမားဆု ဆွတ်ခူးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။