ရန်ကုန် - မြိတ် - ရန်ကုန် ပြည်တွင်းခရီးစဉ်အား Boeing 737-800NG လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲခြင်း

ရန်ကုန် - မြိတ် - ရန်ကုန် ပြည်တွင်းခရီးစဉ်အား Boeing 737-800NG လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲခြင်း

 

    မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန် - မြိတ် - ရန်ကုန် ခရီးစဉ်ကို ယနေ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္လာနေ့၊ ကြာသပတေးနေ့ နှင့် စနေနေ့ များတွင် Boeing 737-800 NG လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။ ယနေ့ ရန်ကုန် - မြိတ်ခရီးစဉ် (UB-1303) တွင် ခရီးသည်အရေအတွက် (၉၂)ဦးလိုက်ပါခဲ့ပြီး မြိတ် - ရန်ကုန်ခရီးစဉ် (UB-1304) တွင် ခရီးသည်အရေအတွက် (၈၁)ဦး စီးနင်းပျံသန်းခဲ့ပါသည်။

    ခရီးစဉ်တွင်လိုက်ပါသည့်ခရီးသည်များအနေဖြင့် Baggage Allowance များဖြစ်သော  Business Class: 30kg Premium Economy Class: 25kg , Economy Class: 20kg အသီးသီး နှင့် Hand Carry Baggage 7kg သယ်ဆောင်နိုင်  မည့်အပြင်လေယာဉ်ပေါ်တွင် Hot Meal အစားအသောက်ကျွေးမွေးခြင်းလည်း ပါဝင်ပါသည်။