ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ပွဲတည်းဂိုး ပါဝင်ပတ်သက်မှု ငါးကြိမ်ပြုလုပ်နိုင်သည့် ရှစ်ဦးမြောက်ကစားသမားအဖြစ် မန်စီးတီးအသင်း ကစားသမား ဒိုကူဖြစ်လာ
မန်စီးတီးအသင်း တောင်ပံတိုက်စစ် ကစားသမား ဒိုကူသည် မန်စီးတီးအသင်းနှင့် ဘုန်းမောက်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် ဂိုးပါဝင်ပတ်သက်မှု ငါးကြိမ် ပြုလုပ်နိုင်ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ပွဲတည်း ဂိုးပါဝင်ပတ်သက်မှု ငါးကြိမ် အထိပြုလုပ်နိုင်သည့် ရှစ်ဦးမြောက် ကစားသမားဖြစ် လာကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားသည့် မန်စီးတီး အသင်းက ဘုန်းမောက်အသင်းကို ၆ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည့် ပွဲစဉ်တွင် ဒိုကူသည် ပွဲချိန် မိနစ် ၃၀ တွင် အသင်းအတွက် ကိုယ်တိုင် တစ်ဂိုးသွင်းယူနိုင်သကဲ့သို့ ပွဲချိန် ၃၃ မိနစ်နှင့် ၈၃ မိနစ်တို့တွင် သွင်း ယူခဲ့သည့် ဘာနာဒိုဆေးဗားလ်၏ သွင်းဂိုး၊ ပွဲချိန် ၃၇ မိနစ်တွင် သွင်းယူခဲ့သည့် အကန်ဂျီ၏သွင်းဂိုး၊ ပွဲချိန် ၆၄ မိနစ်တွင် သွင်းယူခဲ့သည့် ဖိုဒန်၏ သွင်းဂိုးများကို ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် တစ်ပွဲတည်း ဂိုးပါဝင်ပတ်သက်မှု ငါးကြိမ်အထိ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ပွဲတည်း ဂိုးပါဝင်ပတ်သက်မှု ငါးကြိမ်ပြုလုပ်နိုင်ခဲ့သည့် ကစားသမားများအဖြစ် ၁၉၉၈-၁၉၉၉ ဘောလုံးရာသီက အာဆင်နယ်အသင်း ကစားသမားဟောင်း ဘားကမ့်၊ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီက အာဆင်နယ်အသင်း ကစားသမားဟောင်း ရေးယက်စ်၊ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီက အာဆင်နယ်အသင်း ကစားသမားဟောင်း ဖာဖရီဂက်စ်၊ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီက စပါးအသင်းကစားသမားဟောင်း အဒီဘာယော၊ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီက အာဆင်နယ်အသင်း ကစားသမားဟောင်း ကာဇိုလာ၊ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီက စပါးအသင်းကစား သမားဟောင်း ဟယ်ရီကိန်း၊ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီက မန်ယူအသင်း ကစားသမားဟောင်း ပေါ့ဂ်ဘာတို့ပြီးလျှင် ဒိုကူက ရှစ်ဦးမြောက် ကစားသမားဖြစ်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကစားသမားများတွင် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။