ယခုဘောလုံးရာသီ အကုန်တွင် ချယ်လ်ဆီး အမျိုးသမီးအသင်း နည်းပြရာထူးမှ  နည်းပြ အန်မာဟေးလ် ထွက်ခွာမည်ဖြစ်ကြောင်း ချယ်လ်ဆီးအသင်း အတည်ပြုကြေညာ

ယခုဘောလုံးရာသီ အကုန်တွင် ချယ်လ်ဆီး အမျိုးသမီးအသင်း နည်းပြရာထူးမှ  နည်းပြ အန်မာဟေးလ် ထွက်ခွာမည်ဖြစ်ကြောင်း ချယ်လ်ဆီးအသင်း အတည်ပြုကြေညာ

 

    ချယ်လ်ဆီးအမျိုးသမီး အသင်းနည်းပြ    အန်မာဟေးလ်သည် တခြားစိန်ခေါ်မှုအသစ်များ ရင်ဆိုင်လိုသည့်အတွက် ယခုဘောလုံးရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲအပြီးတွင်  အသင်းနှင့် လမ်းခွဲမည်ဟု ချယ်လ်ဆီး အသင်းက အတည်ပြု ကြေညာခဲ့ကြောင်း သိရသည်။

အသက် ၄၇ နှစ်အရွယ် နည်းပြ  အန်မာဟေးလ်သည် ချယ်လ်ဆီးအမျိုးသမီး အသင်းကို ၂၀၁၂ ခုနှစ် ကတည်းက     စတင်တာဝန်ယူ ကိုင်တွယ်ခဲ့သူဖြစ်ပြီး ယခုဘောလုံးရာသီ အကုန်တွင်  အသင်းနှင့်  စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

နည်းပြအန်မာဟေးလ်သည် ချယ်လ်ဆီးအမျိုးသမီး အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့သည့် သက်တမ်းတစ်လျှောက် အင်္ဂလန်အမျိုးသမီးလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆု ခြောက်ကြိမ်အထိရရှိခဲ့ကာ အအောင်မြင်ဆုံးအသင်း အဖြစ်ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

အလားတူ  အင်္ဂလန်အမျိုးသမီး လိဂ်ရှုံးထွက်ဖလား ပြိုင်ပွဲ၌ ချန်ပီယံဆု နှစ်ကြိမ်၊ ဒုတိယဆု နှစ်ကြိမ်၊ အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဒုတိယဆုတစ်ကြိမ် ရရှိခဲ့ပြီး ပြီးခဲ့သည့်ဘောလုံးရာသီ အင်္ဂလန်အမျိုးသမီးလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆုဆွတ်ခူးထားပြီး အမျိုးသမီးချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

နည်းပြအန်မာဟေးလ်သည် ချယ်လ်ဆီးအမျိုးသမီး အသင်းကို ယခုဘောလုံးရာသီ အင်္ဂလန်အမျိုးသမီးလိဂ် ပြိုင်ပွဲ၌ ငါးပွဲကစားပြီးချိန်တွင် ၄ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး၌ ဦးဆောင်နိုင်အောင် စွမ်းဆောင်ထားကြောင်း သိရသည်။