မန်ယူအသင်းနည်းပြ တန်ဟတ် ဖိအားများနှင့် ရင်ဆိုင်နေရသော်လည်း နိုင်ပွဲ ၅၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်သည့် နည်းပြအဖြစ် စံချိန်သစ်တင်
မန်ယူအသင်းနည်းပြ တန်ဟတ်သည် ယခုဘောလုံးရာသီတွင် အသင်းရလဒ်ပိုင်း မတည်ငြိမ်မှုများကြောင့် အနာဂတ်အတွက် မရေမရာဖြစ်နေပြီး ဖိအားများနှင့် ရင်ဆိုင်နေရသော်လည်း အသင်းသမိုင်းတစ်လျှောက် နိုင်ပွဲ ၅၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်သည့် နည်းပြအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။
နည်းပြတန်ဟတ်သည် ပြီးခဲ့သည့်ဘောလုံးရာသီ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်ကစတင်ပြီး မန်ယူ အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ၎င်းင်းတာဝန် ယူကိုင်တွယ်သည့် သက်တမ်းတစ်လျှောက် ပြီးခဲ့သည့် ဖူလ်ဟမ်အသင်းနှင့် ပွဲစဉ်တွင် အနိုင်ရရှိပြီးနောက် အသင်းနှင့် နိုင်ပွဲ ၅၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းနည်းပြ တန်ဟတ်သည် ပြီးခဲ့သည့် ဖူလ်ဟမ်အသင်းနှင့် ပွဲစဉ်တွင် တာဝန်ယူကိုင်တွယ်ပြီးနောက် အသင်းနှင့်ပြိုင်ပွဲစုံ ၇၈ ပွဲ တာဝန်ယူကိုင်တွယ် ရာတွင် နိုင်ပွဲ ၅၀ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ် သည်။
မန်ယူအသင်းကို ၁၉၀၃ ခုနှစ် အောက်တိုဘာလမှ ၁၉၁၂ ခုနှစ်အထိ နည်းပြ အားနစ်မန်ဂနေးလ်က ပြိုင်ပွဲစုံ ၇၉ ပွဲ တာဝန်ယူ ကိုင်တွယ်ပြီးနောက် နိုင်ပွဲ ၅၀ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ အသင်းသမိုင်းတစ်လျှောက် နိုင်ပွဲ ၅၀ ကို ပွဲအနည်းဆုံးဖြင့်ပြည့် မြောက်သည့် နည်းပြအဖြစ် နှစ်ပေါင်း ၁၀၀ ကျော် စံချိန်တင်ထားခြင်းကို ယခုအခါ နည်းပြတန်ဟတ်က ၇၈ ပွဲ တစ်ပွဲအသာဖြင့် ကျော်ဖြတ်ပြီး စံချိန်သစ်တင် နိုင်ခဲ့ခြင်းဖြစ်သည်။
နည်းပြတန်ဟတ်သည် ဖူလ်ဟမ်အသင်းနှင့် မန်ယူ အသင်းတို့ ပွဲစဉ်အပြီးတွင် အသင်းကို စုစုပေါင်း ၇၈ ပွဲ တာဝန်ယူကိုင်တွယ်ရာ၌ ပွဲ ၅၀ နိုင်၊ ရှစ်ပွဲသရေနှင့် ပွဲ ၂၀ ရှုံးနိမ့်ကာ စံချိန်ကောင်းတစ်ရပ် တင်နိုင်သော်လည်း ယခုဘောလုံးရာသီတွင် ဖိအားများနှင့် ရင်ဆိုင် နေရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၁၁ ပွဲကစားရာတွင် ခြောက်ပွဲအထိ ရှုံးနိမ့်ထားကြောင်း သိရသည်။