ကျိုက်မရောမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအားတွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့

 

ကျိုက်မရောမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအားတွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၈

          မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ နယ်မြေခံရဲတပ်ရင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် တာဝန်ရှိသူများက အဆိုပါရဲတပ်ရင်း၌ သွားရောက် တွေ့ဆုံသည်။

          ထိုသို့ တွေ့ဆုံရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ကာ ရဲတပ်ဖွဲ့ ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။