လူငယ်များနှင့်စာကြည့်တိုက်ဖြစ်ရေး ဝိုင်းဝန်းကြိုးစားပေးစေချင်
ယနေ့ခေတ်တွင် ပညာရေးကို အလေးထားပြီး စာဖတ်ခြင်းဖြင့် အသိပညာတိုးပွားရန် အလေးထားနေပြီဖြစ်သည်။ ထို့ကြောင့် လူတိုင်းစာပေတတ်ကျွမ်းရေး၊ လူငယ်တိုင်း စာပေသင်ကြားခွင့်ရရှိရေး၊ လူငယ်တိုင်း စာသင်ကျောင်း၌ စာပေပညာသင်ကြားနိုင် ရေးအတွက် အားကျိုးမာန်တက်လုပ်ကိုင်နေ သောကြောင့် စာမတတ်သူများ စာတတ်ခဲ့ပြီး လူငယ်တိုင်းမသင်မနေရပညာရေးကို သင် ယူနေကြပြီဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးအတိုင်းအတာဖြင့် သက်ကြီးစာပေသင်ကြားရေး၏ အထောက်အကူကြောင့် စာတတ်ခဲ့ကြပါ ပြီ။ စာဖတ်ကြရန်သာလိုပါသည်။ လူငယ် များအတွက်လည်း စာသင်ကျောင်းများကို ရပ်ကွက်၊ ကျေးရွာအလိုက် ဖွင့်လှစ်ထားပြီ ဖြစ်သောကြောင့် လူငယ်များလည်း စာတတ်ကြပါပြီ။ စာဖတ်ကြရန်သာ လိုပါသည်။
စာတတ်သူ ကြီးငယ်မဟူ ပြင်ပစာပေဟု ခေါ်သော စာအုပ်စာပေမျိုးစုံ၊ နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များစုံလင်စွာရှိသည့် စာကြည့်တိုက်သို့ သွားရောက်သင့်သည်။ လူတိုင်း၌ တစ်နေ့တာအတွင်း အားလပ်ချိန် ဟူသည်ရှိစမြဲဖြစ်မည်။ ထိုအားလပ်ချိန်သည် စာအုပ်စာပေဖတ်သင့်သော အချိန်ဖြစ်သင့် သည်။
မြန်မာနိုင်ငံအတွင်း ပြည်သူအများ အသိ ပညာတိုးပွားစေရန် ရည်ရွယ်ဖွင့်လှစ်သည့် စာကြည့်တိုက်များရှိပါသည်။ နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်တွင် စာကြည့်တိုက်များ ဖွင့်လှစ်ထားပြီဖြစ်၍ စာကြည့်တိုက်များ၌ စာဖတ်သူများဖြင့် စည်ကားနေသင့်ပါပြီ။
နောက်တစ်ဆင့်ဆက်၍ မြန်မာနိုင်ငံနှင့် စာကြည့်တိုက်ဆက်သွယ်မှုကိုလည်း စာဖတ်သူများ သိစေချင်ပါသည်။ နိုင်ငံနှင့် ပြည်သူများ အတွေးအမြင်များ ပွင့်လင်း မြင်သာလာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ ၌သာမက ကမ္ဘာပေါ်ရှိ နိုင်ငံကြီးများတွင် လွန်ခဲ့သော နှစ်များစွာကပင် စာကြည့် တိုက်များရှိနေခဲ့ပါသည်။ ထို့ကြောင့် ခေတ် မီဖွံ့ဖြိုးတိုးတက်မှုများ အင်အားကောင်း လာသည့် ယနေ့ကဲ့သို့အချိန်သည် စာကြည့် တိုက်များအတွက် ပိုမို၍ သက်တမ်းရှည် အောင် ပံ့ပိုးမှုများနည်းမျိုးစုံနှင့်မြင်တွေ့ နေရသည်ကို အကြောင်းပြု၍ စာကြည့် တိုက်များ ဖွံ့ဖြိုးမှုကိုလည်း လေ့လာရပါ သည်။ စာကြည့်တိုက်တွင် ဖြည့်စွက်မှု တစ်ခုရှိရန်သည် ဝန်ဆောင်မှုဟုခေါ်ရ မည်။ စာအုပ်စာပေများနှင့်အတူ စာကြည့် တိုက်မှူး(တာဝန်ခံ)လည်း ရှိရန်လိုပါသည်။ စာကြည့်တိုက်မှူး(တာဝန်ခံ)များ စာကြည့် တိုက်အတော်များများ၌ရှိနေပြီဟု ဆိုချင် ပါသည်။
စာကြည့်တိုက်ကို အထောက်အပံ့ပြုမည့် စံ ငါးချက်နှင့်ပြည့်စုံရန်လိုပါသည်။ စာကြည့်တိုက်၏ စံဆိုသည်မှာ-
- ပြည်သူများနှင့် ကျေးလက်နေပြည်သူများ စာကြည့်တိုက်ကို အမှန်တကယ် သုံး တတ်စေရန်၊ အမှန်တကယ်စာဖတ်နိုင်ရန်။
- စာကြည့်တိုက်များ ရပ်တည်နိုင်ရန် စာအုပ်စာပေဖတ်မှု၊ ငှားရမ်းမှုစနစ်ကျ ရေးနှင့် ငွေပဒေသာပင်စိုက်ထူကာ စာအုပ် စာပေဖြည့်ဆည်းရေးနှင့် စာအုပ်စာပေများကို စနစ်တကျထိန်းသိမ်းနိုင်ရေးကို စဉ်ဆက် မပြတ်ဆောင်ရွက်ရန်။
- ကိုယ်ပိုင်မြေနှင့် ကိုယ်ပိုင်အဆောက် အအုံရှိရန်။
- စာကြည့်တိုက်အတွက် လိုအပ်သော ပရိဘောဂထားရှိရန်။
- ထိန်းသိမ်းစောင့်ရှောက်မှု အတတ် ပညာရှိသော စာကြည့်တိုက်မှူးထားရှိရန်။
ဤကဲ့သို့ စံငါးချက်နှင့်ပြည့်စုံသော စာကြည့်တိုက်သို့ စာဖတ်သူများသွားကြရပါမည်။ လာရောက် စာဖတ်ကြမည့် သူများအတွက် မိမိတို့ဒေသတွင်း အလှမ်းမဝေး သောနေရာ၌ဖြစ်၍ သက်သက်သာသာ သွားရောက် နိုင်သဖြင့် မိမိတို့အတွက် စာဖတ်မှုစွမ်းအားများနှင့် အသိပညာများကို ပေးနိုင်မည့် စာအုပ်စာပေ များက အသင့်စောင့်ကြိုနေပါသည်။
စာရေးသူကိုယ်တိုင် တစ်ကြိမ်မက ရောက်ဖူးသော စာကြည့်တိုက် တစ်တိုက်ကို ဂုဏ်ပြုစကားနှင့် လမ်းညွှန်လိုပါသည်။ ထိုစာကြည့်တိုက်သည် ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ်ရှိ လေးအိမ်စု ကျေးရွာ၌တည်ရှိသည်။ ယင်းစာကြည့် တိုက်သည် စာကြည့်စားပွဲအပြည့် စာဖတ် ကြသူများအပြင် အိမ်သို့ ငှားရမ်းကြသူ များနှင့် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ လူစည်ကားသော စာကြည့်တိုက်အဖြစ်တွေ့ခဲ့ရသည်။ စာအုပ်စာပေအတော်စုံခြင်း၊ နေ့စဉ်ထုတ်သတင်းစာများရှိခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် အထောက်အကူပြုစာအုပ်များရှိခြင်း၊ ဘာသာရေးနှင့် ပတ်သက်သော စာအုပ်မျိုးစုံရှိခြင်း၊ လူကြီး၊လူငယ်များ၏ စည်းကမ်းရှိစွာ ဝင်ထွက်သွားလာမှုများသည် အားကျဖွယ်ကောင်း လှသော မြင်ကွင်း ဖြစ်၍ ရင်အေးကာ စာရေးသူတို့ အပြန်ခရီးကား ပီတိဖြစ်ခဲ့ရပါသည်။
မြန်မာနိုင်ငံ၏ စာကြည့်တိုက်ခရီးကို လေ့လာလိုက်သောအခါ ဘီစီ ၃၀ ရာစု ခန့်တွင် ကမ္ဘာလုံး အတိုင်းအတာဖြင့် စာကြည့်တိုက်သည် မရှိမဖြစ်လိုအပ်သည် ဆိုသော ခံယူချက်နှင့် စာပေပညာရှင်များက စာကြည့်တိုက်ဟုဆိုနိုင်သော မှတ်တမ်းပြတိုက်ကို စတင်တည်ထောင်ခဲ့ပြီး ထိုပြတိုက်၌ ကျောက်ပြားများ၊ ဝါးယင်း လိပ်များပေါ်တွင် ရေးသားထားသောစာများ ဖြင့် စာကြည့်တိုက်ဟူ၍ ဖွင့်လှစ်ခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံ၌လည်း အနော် ရထာမင်းလက်ထက်က သထုံပြည် မနူ ဟာမင်းထံမှ ပင့်ဆောင်ခဲ့သော ပိဋကတ် တော်များနှင့် အနော်ရထာမင်း ပိဋကတ်တိုက်အဖြစ်ဖွင့်ခဲ့ရာ ပိဋကတ်တော်များကို ထိန်းသိမ်း စောင့်ရှောက်မှုနှင့်အတူ စာကြည့် တိုက်ခရီးစခဲ့သည်ဟု မြန်မာစာပေများရှိ မှတ်တမ်းများအရ သိမှတ်ရပါသည်။ ထို အချိန်မှစ၍ မြန်မာမင်းအဆက်ဆက် စာကြည့်တိုက်များ ပေါ်ပေါက်ခဲ့သည်။ မှတ် တမ်းများတွင် ဘိုးတော်ဘုရား ပိဋကတ် တိုက်၊ မင်းတုန်းမင်း ပိဋကတ်တိုက်၊ ညောင် ရမ်းမင်း ပိဋကတ်တိုက်၊ သီပေါမင်း ပိဋကတ် တိုက်၊ ကင်းဝန်မင်းကြီး ပိဋကတ်တိုက်၊ ဦးဘိုးသီး ပိဋကတ်တိုက်ဆိုသော ပိဋကတ် တော်များဖြင့် စာကြည့်တိုက်ခရီးစခဲ့၏။ နယ်ချဲ့အုပ်ချုပ်စဉ်အချိန် ၁၈၈၃ ခုနှစ်က ဝန်ရှင်တော်မင်းကြီး ဆားချားလ်စ်ဘားနစ် ဆိုသူက ဘားနစ်အခလွတ်စာကြည့်တိုက် ကို ဖွင့်လှစ်ခဲ့သည်။ ထိုစာကြည့်တိုက်၌ ပေ၊ ပုရပိုဒ်များ အင်္ဂလိပ်၊ မြန်မာ ရှားပါး စာအုပ်များနှင့်အတူ သက်တမ်း ၆၉ နှစ် တိုင်တည်ခဲ့ပြီး ၁၉၅၂ ခုနှစ်က မြန်မာ နိုင်ငံတော်အစိုးရသို့ လှူဒါန်းခဲ့ရာ ထိုနှစ် ဇွန်လက မြန်မာနိုင်ငံတော် စာကြည့်တိုက် အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ၁၉၅၃ ခုနှစ် က အမျိုးသားစာကြည့်တိုက်အမည်သို့ ပြောင်းလဲကာဖွင့်လှစ်ခဲ့သည်။
၁၉၅၆ ခုနှစ် မတ်လ ၁၃ ရက်က စာပေ ဗိမာန်ပြည်သူ့စာကြည့်တိုက်ကို စတင် ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်းကာလများမှ ယနေ့အထိ မြန်မာနိုင်ငံ၌ စာကြည့်တိုက် များရှိနေခဲ့ပြီဖြစ်ရာ စာကြည့်တိုက်များ၌ စာဖတ်သူများနှင့် စည်ကားနေသင့်ပါသည်။ မြန်မာနိုင်ငံ၌ ယနေ့စာတတ်သူများရှိနေ ပြီး စာကြည့်တိုက်၌ စာဖတ်သူမရှိသော မြင်ကွင်းမှ စာကြည့်တိုက်၌ စာဖတ်သူ များဖြင့် စည်ကားနေရန်လိုအပ်ပါသည်။ စာကြည့်တိုက်များ၌ အကျိုးပြုစာအုပ် စာပေများ၊ ရသစာပေများ၊ ကြီးငယ်မဟူ စိတ်ပျော်ရွှင်မှုကို ဖြစ်စေသော စာအုပ်များ၊ သတင်းအချက်အလက်များကို ဖတ်ရှုနိုင် သော နေ့စဉ်ထုတ်သတင်းစာ၊ ဂျာနယ်မျိုးစုံ ရရှိနေပါပြီ။
စာအုပ်စာပေသည် လူ့မိတ်ဆွေဖြစ်ပြီး အလိမ္မာစာမှာရှိ၍ စာအုပ်စာပေများစုဝေးရာ စာကြည့်တိုက်သို့ ခြေဦးလှည့်စေချင် သည်။ စာကြည့်တိုက်များကလည်း လူငယ် များကို စောင့်မျှော်နေသည်။
စာကြည့်တိုက်များ၌ လူငယ်များအတွက် သင်ကြားသင်ယူမှုများကို အထောက်အကူဖြစ်စေမည့် ပညာရပ်ဆိုင်ရာ စာအုပ်များစွာနှင့်အတူ ဘဝအတွက်အပန်းဖြေစေမှု ရသများကို ပေးစွမ်းနိုင်သည့်စာအုပ်များ၊ သုတ၊ ရသမျိုးစုံပါဝင်သောစာအုပ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ နေ့စဉ်ထုတ်စာ စောင်၊ သတင်းစာ၊ ဂျာနယ်များစသည့် ဗဟုသုတများကို ပေးစွမ်းသည့်စာပေများ၊ ပြည်တွင်းပြည်ပခရီးစဉ်များကို စာဖတ်ရင်း ကိုယ်တိုင်သွားရသည့်နှယ် ခံစားရမည်ဖြစ်သည်။ သက်ဆိုင်ရာပညာပေးစာအုပ်များ လည်းရှိနေ၍ စာပေတောမှာ ပျော်မွေ့စေ ချင်သည်။
လူငယ်များအတွက်အားထားရာ စာကြည့်တိုက်များဖြစ်ရန် စာကြည့်တိုက်ဝန် ဆောင်မှုများကိုလည်း ပိုမိုကောင်းမွန်သည် ထက် ကောင်းမွန်အောင် ဆောင်ရွက်လုပ် ကိုင်ထားပြီးဖြစ်၍ လူငယ်များ စိတ်ပျော် ရွှင်ကြည်နူးမှုကို ရရှိမှာသေချာသော ကြောင့် လူငယ်များ စာကြည့်တိုက်သို့ သွားရောက်စေချင်သည်။ မိမိဘဝအတွက် အခွင့်အလမ်းကောင်းများကို ရယူစေလို သည်။ နိုင်ငံတော်အတွက်လည်း ပညာ အရည်အသွေး ပြည့်ဝပြီး ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ကြွယ်ဝသည့် နိုင်ငံအကျိုးပြု လူငယ်များဖြစ်ရန် စာကြည့်တိုက်များရှိ စာအုပ်စာပေများက လမ်းညွှန်အကူအညီပေးခြင်း၊ ပံ့ပိုးခြင်းများ ပေးစွမ်း မှာသေချာ၍ လူငယ်များအနေဖြင့် စာကြည့် တိုက်သို့သွားရောက်ကြပါဟု တိုက်တွန်းအပ် ပါသည်။
လူငယ်များသို့ သတင်းစကားထပ်မံပေး လိုသည်မှာ စာကြည့်တိုက်များတွင်-
- စာအုပ်စာတမ်းများ စုဆောင်းပေးထားမှု
- သုတေသနအထောက်အကူပြုစာအုပ် စာတမ်းများထားရှိမှု
- ပညာရပ်ပေါင်းစုံပါဝင်သော စာအုပ် စာတမ်းများစွာရှိနေမှုတို့ကြောင့် လူငယ် များနှင့် စာကြည့်တိုက်ကြား ကောင်းမွန် ပြည့်စုံသည့် ဆက်နွယ်မှုရှိနေသည်မှာ သေချာနေသည်ဟု ဆိုချင်သည်။ လူငယ် များနှင့်စာကြည့်တိုက် ရင်းရင်းနှီးနှီးထိတွေ့ ရင်း စာအုပ်စာပေများကို ဖတ်ရှုစေချင် သည်။ လူငယ်များနှင့် စာကြည့်တိုက်ဖြစ် ရေးအတွက် ဝိုင်းဝန်းကြိုးစားပေးစေချင်ပါ ကြောင်း ရေးသားလိုက်ရပါသည်။
မြမဉ္ဇူဝေ(ကျုံမငေး)