သွေးဆုံးကိုင်ရောဂါအတွက် လွယ်ကူမြန်ဆန်အိမ်တွင်းကုထုံးများ

 

သွေးဆုံးကိုင်ရောဂါအတွက် လွယ်ကူမြန်ဆန်အိမ်တွင်းကုထုံးများ

သွေးဆုံးခြင်းဆိုသည်မှာ အမျိုးသမီးများအတွက် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး အမျိုးသမီးတို့၏ မျိုးပွားနိုင် စွမ်းကုန်ဆုံးချိန်ဖြစ်သည်။ အမျိုးသမီးများအနေဖြင့် အသက် ၄၀ ကျော် ၅၀ ခန့်တွင် သွေးဆုံးတတ်ကြပြီး တစ်ဦးနှင့်တစ်ဦး သွေးဆုံးချိန် အနည်းငယ်ကွာခြားမှု ရှိနိုင်သည်။ သားဥအိမ်ခွဲစိတ်မှုခံယူထားသူများတွင် အရွယ်မတိုင်မီ သွေးဆုံးခြင်းကိုဖြစ်စေပြီး အမျိုးသမီး တစ်ဦး ၁၂ လဆက်တိုက် ရာသီသွေးမပေါ်လျှင် သွေး ဆုံးသည်ဟု သတ်မှတ်သည်။

ဆေးလိပ်သောက်ခြင်း၊ အာဟာရမျှတမှုမရှိခြင်း၊   ပုံမှန်လေ့ကျင့်ခန်းမလုပ်ခြင်း  စသည်တို့ကြောင့်  ခပ်စောစော သွေးဆုံးတတ်သည်။ အထူးသဖြင့် ဆေးလိပ် သောက်သူအမျိုးသမီးများက ဆေးလိပ်လုံးဝမသောက် သူများထက် ပျမ်းမျှ နှစ်နှစ်ခန့်စော၍ သွေးဆုံးနိုင်သည်။ အသက် ၄၆ နှစ်မပြည့်မီ သွေးဆုံးသောအမျိုး သမီးများကို သာမန်ထက်စော၍ သွေးဆုံးသူဟုခေါ် ဆိုနိုင်ပြီး ထိုအမျိုးသမီးများအနေဖြင့် နှလုံးရောဂါ၊ နှလုံးသွေးကြောနှင့်ပတ်သက်သော လေဖြတ်ခြင်းများ တွေ့ကြုံရနိုင်ခြေ နှစ်ဆမြင့်မားနိုင်သည်။

သွေးဆုံးခြင်းအကြိုအဆင့်

ပျမ်းမျှ အသက် ၄၀ မှ ၅၀ နှစ်ကြားအရွယ်ဖြစ်သည်။  ယင်းအရွယ်သည်  သွေးမဆုံးမီကြားကာလဖြစ်ပြီး အမျိုးသမီးဟော်မုန်းများ စတင်နည်းပါးလာ သည်။

သွေးဆုံးခြင်းအဆင့်

ပျမ်းမျှ အသက် ၄၅ နှစ်မှ ၅၅ နှစ်ကြားအရွယ်ဖြစ်သည်။ အမျိုးသမီးဟော်မုန်းများ လုံးဝမထုတ်တော့ဘဲ အသက် ၅၁ နှစ်ခန့်တွင်  သွေးဆုံးကိုင်ဝေဒနာများ ခံစားရသည်။

သွေးဆုံးပြီးအဆင့်

ပျမ်းမျှ အသက် ၅၅ နှစ်အထက်ဖြစ်သည်။  ထိုအရွယ်တွင် သွေးဆုံးကိုင်လက္ခဏာများ လျော့ကျသွားသည်။

သွေးဆုံးကိုင်လက္ခဏာများ

အမျိုးသမီးများ ပျမ်းမျှ အသက် ၅၀ ဝန်းကျင်တွင် သွေးဆုံးကိုင်လက္ခဏာများကို    စတင်ခံစားလာရ တတ်သည်။ သို့မဟုတ် မိခင်သွေးဆုံးခဲ့သောအသက် အရွယ်ကိုကြည့်၍လည်း မိမိသွေးဆုံးနိုင်မည့် အချိန်ကာလကို  ကြိုတင်မှန်းဆနိုင်သည်။  သွေးဆုံးခြင်း၏ဘေးထွက်ဆိုးကျိုးအများစုသည်  ဟော်မုန်းဆိုင်ရာ အပြောင်းအလဲများကြောင့်ဖြစ်သည်။

ခန္ဓာကိုယ်တွင်းဟော်မုန်းပမာဏများ လျော့ကျလာချိန်တွင် သွေးဆုံးကိုင်လက္ခဏာများအဖြစ် အပူပြန်ခြင်း၊ ညဘက်ချွေးစေးများထွက်ခြင်း၊ ရင်တုန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း (စိတ်အပြောင်း အလဲမြန်ခြင်း)၊ စိတ်တိုဒေါသဖြစ်လွယ်ခြင်း၊ အသားအရေခန်းခြောက်ခြင်း၊   မျက်နှာပေါ်တင်းတိပ်များ ထွက်လာခြင်း၊ ညအိပ်မပျော်ခြင်း၊ ဆီးခဏခဏသွားခြင်း  စသည်တို့ခံစားရလေ့ရှိသကဲ့သို့ အဆီဓာတ်နှင့် ကိုလက်စထရော များပြားလာပြီး အဝလွန်အဆီပိုဖြစ် လာတတ်သည်။  ထို့ပြင် အရိုးအားနည်းရောဂါနှင့် သွေးတိုး၊ နှလုံးရောဂါ ဖြစ်ပွားနိုင်သည့်အန္တရာယ်များ မြင့်တက်လာနိုင်သည်။

အထက်ဖော်ပြပါခံစားနေရသော စိတ်ဖိစီးမှုဝေဒနာများ၊ ကိုယ်လက်မအီမသာဖြစ်မှုများ၊ အိမ်ထောင်သည် အမျိုးသမီးများအနေဖြင့် ခင်ပွန်းသည်နှင့် အဆင်မပြေ မှုပြဿနာများကို ဖွင့်ဟပြောဆိုရန် ဝန်လေးတတ်ကြ သည်။ သို့သော် မီးယပ်သွေးဆုံးဝေဒနာမှ မီးယပ်သွေး ဆုံးကိုင်ရောဂါအခြေအနေသို့ကျရောက်နိုင်၍ သက် ဆိုင်ရာဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

သွေးဆုံးကိုင်ရောဂါအတွက်    လွယ်ကူမြန်ဆန်အိမ်သုံးဆေးများ

သွေးဆုံးခါနီး၊ သွေးဆုံးပြီးစနှင့် သွေးဆုံးကိုင်ရောဂါ ခံစားနေရသူများအနေဖြင့်   ရိုးရှင်းလွယ်ကူသော အိမ်တွင်းကုထုံးများကလည်း   သွေးဆုံးကိုင်ဝေဒနာများအတွက် ဘေးဥပဒ်ကင်းစွာ သက်သာပျောက်ကင်း စေနိုင်မည်ဖြစ်သောကြောင့်    အောက်ပါအတိုင်း အကြံပြုလိုပါသည်။

မိန်းမတို့အသက်   ကရမက်ဟု   ဆိုရိုးစကားရှိသည်။ သွေးဆုံးကိုင်ခြင်းအတွက် ကရမက်ကို လိမ်း ပေးသင့်သကဲ့သို့ ယင်းကရမက်ကို သွေး၍သောက်သုံးပေးပါ။

မိုးရာသီတွင်ပေါ်တတ်သော ဂုံမင်းပင်ကို ဟင်းခါး ချက်၍သောက်ပါ။

စွယ်တော်ပင် (ခရမ်းရောင်ပန်းပွင့်) ၏ အရွက်ညွန့်ကို ဟင်းချိုချက်သောက်ပါ သို့မဟုတ် ရွက်ပြုတ် ရည်သောက်ပါ။

အနက်ရောင်စပျစ်သီးမှည့်ကို အခွံရောအစေ့ပါ ဝါးစားပါ။

ဆီးဖြူသီးစားပါ။

ထန်းရည်ချိုစစ်စစ်ကို တဝကြီးသောက်ပေးပါ။

ကြိတ်မှန်ရွက်စားပါ သို့မဟုတ် ကြိတ်မှန်ရွက်ယို ထိုးစားပါ။ (ကြိတ်မှန်ရွက်၂၅ ကျပ်သားကို ရေစင်စင် ဆေး   နုပ်နုပ်စဉ်းပြီး   ထန်းလျက်သန့်သန့်  ၁၀ ကျပ်သား၊  အရည်ညှစ်ပြီးရှောက်သီးအဖတ်  ၁၀ ကျပ်သား၊  ပါးပါးလှီးထားသော ကြက်သွန်နီ  ၁၀ ကျပ်သား၊ စမုန်ငါးပါးအမှုန့်နှစ်ပဲသားစီတို့ကို မြေအိုး အသစ်ထဲရော၍ ဆားနှင့်ရေသင့်ရုံထည့်ပြီး ယိုထိုး သလိုကျိုချက်ပါ။   ယိုဖြစ်ပါက  ပုလင်းသန့်သန့်ထဲ ထည့်၍ အစာနှင့်ဝေးချိန် နံနက်၊ နေ့၊ ည သုံးကြိမ်စီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားပါ)

အဝါရောင်ကန်စွန်းဥကို များများပြုတ်စားပါ။

သင်္ဘောသီးမှည့် နေ့စဉ်စားပေးပါ။

တရုတ်စံကားပွင့်ကို ကြော်ချက်၍စားပါ။

အဆီများသောငါး သို့မဟုတ် ငါးကြီးဆီစားပါ။

Spirulina ခေါ် စိမ်းပြာရေညှိ သို့မဟုတ် EPO (ခေါ်) ရွှေဝါရောင် Evening Primrose ပန်းအဆီ သို့မဟုတ် ှငူငခေ ဆေးတို့ကို ဖြည့်စွက်စာအဖြစ် မှီဝဲ သောက်သုံးပါ။

•Barley grass (ခေါ်) ဘာလီမြက်နုထဲရှိ ဓာတ် တိုးဆန့်ကျင်ပစ္စည်းများက   လွန်စွာကောင်းကျိုးပြု သည်။  ဘာလီမြက်နုအချိုရည်တို့ကို  ကုန်တိုက်ကြီး များတွင် ဝယ်ယူရရှိနိုင်သည်။

တိုဟူး၊ နှမ်းတို့က သွေးဆုံးကိုင်ရောဂါအတွက် ဓာတ်စာများဖြစ်ကြသည်။

ကိုယ်လက်လှုပ်ရှားအားကစား    နေ့စဉ်ပုံမှန် ပြုလုပ်ပေးပါ။

တစ်ကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။   သို့သော်အချိန်လွန်တွင် ရေချိုးခြင်းမပြုရ။

အချုပ်အားဖြင့်ဆိုရသော်   သွေးဆုံးခြင်းသည် ရောဂါမဟုတ်ပါ။  သဘာဝဖြစ်စဉ်တစ်ခုမျှသာဖြစ် သည်။ အမျိုးသမီးအများစုတွင် သွေးဆုံးကိုင်ဝေဒနာများကို ထိန်းချုပ်ရခက်သော်လည်း အစားအသောက်၊ အနေအထိုင်ထိန်းသိမ်းခြင်းနှင့်   လေ့ကျင့်ခန်းပုံမှန်

ပြုလုပ်ခြင်းတို့ဖြင့် သက်သာစေနိုင်သည်။ သွေးဆုံးချိန် တွင် ဝေဒနာများ သက်သာစေရန် နံနက်တိုင်း  နေ ရောင်ခြည်ခံခြင်း၊ သင့်တင့်လျောက်ပတ်သော ကိုယ် အလေးချိန်ကိုထိန်းသိမ်းခြင်း၊  ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း၊ ရေများများသောက်ခြင်း၊ ဟင်းသီးဟင်းရွက်နှင့်   သစ်သီးဝလံများများစားပါ။ နို့နှင့် နို့ထွက်ပစ္စည်းများစားခြင်း၊ ပရိုတင်း (အသား ဓာတ်)  ကြွယ်ဝသောအစားအစာနှင့်  အဆီမပါသော အသားများစားခြင်း၊ အိုမီဂါ-၃ ပြည့်ဝသော ပင်လယ် ငါးစားခြင်း၊  အီစတြိုဂျင်ပါဝင်သော  အစားအစာများ ဖြစ်ကြသည့်  ပဲပိစပ်၊  ကုလားပဲ၊ မြေပဲ၊  မုယောစပါး၊ ဘာလီ၊ ဘယ်ရီသီး၊ စပျစ်သီး၊ ဆီးသီးစားခြင်း၊ ကယ်လ် စီယမ်ကြွယ်ဝသော အစားအသောက်များစားခြင်းဖြင့် ဝေဒနာကို ထိန်းချုပ်နိုင်ကြောင်း ရေးသားတင်ပြလိုက် ရပါသည်။                        

ပေါက်ပေါက်