ရီးယဲလ်မက်ဒရစ်အသင်းက အဓိကကွင်းလယ်ကစားသမား ကာမာဗင်ဂါကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို
ရီးယဲလ်မက်ဒရစ်အသင်းက အသင်းမှ အဓိကကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် ကာမာဗင်ဂါကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အသက် ၂၀ သာရှိသေးသည့် ကာမာဗင်ဂါသည် ၂၀၂၁ ခုနှစ်က ဒေါ့မွန်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ လေးနှစ်စာချုပ်သက်တမ်းဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သော်လည်း နောက်ထပ်လေးနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ကာမာဗင်ဂါသည် ရင်းနက်စ်အသင်းမှ ရီးယဲလ် မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အသင်းတွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိပြီး အသင်းနှင့် ဘောလုံးရာသီနှစ်ခုပင် မပြည့်သေးသော်လည်း ပြိုင်ပွဲစုံ ၁၁၄ ပွဲအထိ ပါဝင်ကစားခဲ့သူဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်း၏ ကွင်းလယ်ပိုင်းတွင် အဓိက ကစားသမားအဖြစ် ကစားခဲ့သည့် ကက်စ်မဲရိုးအနေဖြင့် အသင်းမှထွက်ခွာခဲ့ သကဲ့သို့ မိုဒရစ်နှင့် တိုနီခရူးစ်တို့သည်လည်း အသက်အရွယ်အပိုင်းအခြားအရ အကျဘက်တွင် ရှိနေပြီ ဖြစ်သည့်အတွက် ထိပ်တန်းလူငယ်ကစားသမားများဖြစ်သော ကာမာဗင်ဂါ၊ ချူအာမန်ဒီတို့နှင့် အစားထိုးထားခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ် အသင်းသည် ကာမာဗင်ဂါမတိုင်မီကလည်း အသင်းမှ ထိပ်တန်းလူငယ်ကစားသမား နှစ်ဦးဖြစ်သည့် ဗင်နီစီးယက်စ်နှင့် ရိုဒရီဂိုတို့ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီးနောက် စာချုပ် လျော်ကြေးကို စတာလင်ပေါင် တစ်ဘီလီယံအထိ သတ်မှတ်ထားသကဲ့သို့ ယခုအခါ ကာမာဗင်ဂါကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရာတွင်လည်း စာချုပ် လျော်ကြေးကို စတာလင်ပေါင် တစ်ဘီလီယံသတ်မှတ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
Ref;Dailymail