၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို(အမျိုးသား/အမျိုးသမီး Pair (ကျား+မ))အတွဲလိုက် (ကကွက်)ပြိုင်ပွဲနှင့်(အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း ဝိတ်တန်းအလိုက်(အတိုက်)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။
ယနေ့ တိုက်ကွမ်ဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် Pair (ကျား+မ)အတွဲလိုက်(ကကွက်) ပြိုင်ပွဲနှင့် (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း ဝိတ်တန်းအလိုက်(အတိုက်) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြရာ Pair (ကျား+မ) အတွဲလိုက်(ကကွက်) ပြိုင်ပွဲ ပွဲစဉ်တွင် ဇော်ရိန်အောင်နှင့် လင်းလက်ကြယ်ဖြူတို့ အတွဲ(ရန်ကုန်)က ပထမ၊ စောလုကာကျော်နှင့် သုကြယ်စင်တို့အတွဲ (မန္တလေး)က ဒုတိယ၊ မြင့်မြတ်ရွှေနှင့်အေးချမ်းမြတ်တို့အတွဲ (မွန်)က တတိယ၊ ဟိန်းယံထွန်းနှင့် နော်ခင်လှတို့အတွဲ(ရှမ်း)က ပူးတွဲတတိယတို့ဖြင့် အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြ သည်။
အမျိုးသမီးတစ်ဦးချင်းအတိုက် (၄၀-၄၃)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်တွင် သူသူဟန် (ရန်ကုန်)က ပထမ၊ သော်သော်ဇင်(ကရင်)က ဒုတိယ၊ ရွှေမဉ္စူအောင်(ရှမ်း)က တတိယ၊ အိသဇင်(မန္တလေး)က ပူးတွဲတတိယ၊ အမျိုး သမီးတစ်ဦးချင်းအတိုက်(၄၃-၄၆)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်တွင် ထွေးထွေးမာ(မကွေး)က ပထမ၊ အိဖြူခိုင်(မန္တလေး)က ဒုတိယ၊ မြယွန်းပုံ(ပဲခူး)က တတိယ၊ အေးသန္တာကျော်(ကယား)က ပူးတွဲတတိယ၊ အမျိုးသမီး တစ်ဦးချင်းအတိုက်(၇၃)အထက် ကီလိုတန်းပြိုင်ပွဲပွဲစဉ်တွင် ခင်ပြည့်စုံ(ရန်ကုန်)က ပထမ၊ရွှေရည်အောင်(မန္တလေး)က ဒုတိယ၊ မေထူးသျှန် (နေပြည်တော်)က တတိယတို့ဖြင့် အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။
နိုဝင်ဘာလ ၁၀ ရက် (ယနေ့) နံနက် ၈ နာရီခွဲမှစတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A)၌ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း ဝိတ်တန်းအလိုက် (အတိုက်)ပြိုင်ပွဲများအား ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။