မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်း ရမိ

မန္တလေးတိုင်းဒေသကြီး ရှမ်းပြည်နယ်နှင့် ဆက်စပ်နယ်မြေများအတွင်း တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး များကို အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မန္တလေး မြို့အဝင်/အထွက်နေရာများတွင် COVID-19 ရောဂါထိန်းချုပ်စစ်ဆေးမှုအပါအဝင် ပိတ်ဆို့စစ်ဆေးရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။

နိုဝင်ဘာ၂၀ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေကျင်စစ်ဆေးရေး ဂိတ်၏ တရားမဝင် ရှောင်ကွင်းလမ်းရှိ  ရေမြောင်းဘေးတွင် မသင်္ကာဖွယ်စက္ကူဂျပ်ဖာများအားတွေ့ရှိသဖြင့် စစ်ဆေးကြည့်ရှုရာ စက္ကူဂျပ်ဖာများအတွင်းမှ ဘိန်းဖြူ ၈ ဒသမ ၆၂ ကီလို (ကာလတန်ဖိုးငွေကျပ်သိန်း ၅၀၀၀ ကျော်)ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာသူနှင့် မော်တော်ယာဉ်တို့မှာ သယ်ဆောင်ရန် မလွတ်နိုင်သည့် အခြေအနေကြောင့် လမ်းဘေးမြောင်းအတွင်း စွန့်ပစ်ထွက်ပြေးခြင်းဖြစ်ကြောင်း သုံးသပ်ရ၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး တရားခံဖမ်း ဆီးရမိရေးဆောင် ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။        

 ရဲပြန်ကြား