အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာ ဆီဗီလာအသင်းနှင့် ကစားသည့်ပွဲစဉ်တွင် ရရှိခဲ့သည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် လာမည့် ပွဲစဉ်တချို့ကို လွဲချော်ဖွယ်ရှိနေ

အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာ ဆီဗီလာအသင်းနှင့် ကစားသည့်ပွဲစဉ်တွင် ရရှိခဲ့သည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် လာမည့် ပွဲစဉ်တချို့ကို လွဲချော်ဖွယ်ရှိနေ

 

    အာဆင်နယ်အသင်း အဓိကတောင်ပံ ကစားသမား ဆာကာသည် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစားသည့် အာဆင်နယ်အသင်းနှင့် ဆီဗီလာအသင်း တို့ပွဲစဉ်တွင်  ရရှိသည့်  ခြေချင်းဝတ်ဒဏ်ရာကြောင့် လာမည့်ပွဲစဉ်တချို့ကို လွဲချော်ဖွယ်ရှိနေကြောင်း အာဆင်နယ်အသင်း နည်းပြအာတီတာက အတည်ပြုပြောကြားသည်။

အာဆင်နယ်အသင်းက ဆီဗီလာအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိသည့်ပွဲစဉ်တွင်  ဆာကာသည် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ၆၄ မိနစ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ကာ အဆိုပါပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကိုပင် ရရှိခဲ့သည်။

သို့သော် အဆိုပါပွဲစဉ်တွင် ဆီဗီလာအသင်းကစား သမားများက  ခြေစွမ်းပြလျက်ရှိသည့်  ဆာကာကို ပစ်မှတ်ထားပြီး ခပ်ကြမ်းကြမ်း ဖျက်ထုတ်မှုများ ပြုလုပ်ခဲ့သောကြောင့် ပွဲချိန် ၈၅ မိနစ်တွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိသည့်အတွက် လူစားလဲ ထွက်ခွာခဲ့ရသည်။

နည်းပြအာတီတာက”ဆီဗီလာအသင်း ကစားသမားတွေ ဆာကာကိုပစ်မှတ်ထားပြီး ကြမ်းကြမ်းတမ်းတမ်းတွေ ဖျက်ထုတ်နေတာ သိသာပါတယ်။ သူ့အနေနဲ့ ဆက်လက်ကစားနိုင်ခြင်း မရှိတော့လို့   လူစားလဲခဲ့တာပါ။ မကြာခင်တော့ အသေးစိတ်စစ်ဆေးမှုတွေ ပြုလုပ်ရမှာပါ။ ဒဏ်ရာ မပြင်းထန်ဖို့အတွက်တော့ မျှော်လင့်ပါ

တယ်”ဟု ပြောသည်။