မန်ယူအသင်း ဆိုက်ဘာတိုက်ခိုက်မှုခံရကြောင်း သတင်းထုတ်ပြန်

မန်ချက်စတာ နိုဝင်ဘာ ၂၁

မန်ယူအသင်းသည် နိုဝင်ဘာ ၂၀ ရက် က ရာဇဝတ်ဂိုဏ်းတစ်ခုမှ ကြိုတင်စီစဉ်ချက်များနှင့် ဆိုက်ဘာတိုက် ခိုက်မှုခံခဲ့ရကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

မန်ယူအသင်း၌ အရေးပါသောစာချုပ် အချက်အလက်များစွာကို လုံခြုံစေရန် အိုင်တီဌာနက  စနစ်တကျပြင် ဆင်ထားသည့်အတွက် ထိုတိုက်ခိုက်ခံရမှုတွင် အသင်းထောက်ခံသူများ၊ ပရိသတ်များကြား ဆက်သွယ် ထားသည့် မည်သည့် အချက်အလက်မျှ ခိုးယူခံရခြင်းမရှိသကဲ့ သို့ တစ်ကိုယ်ရေအချက်အလက်များလည်း  ခိုးယူခံရခြင်းမရှိဟု သတိပြုမိကြောင်းနှင့် ထိုဖြစ်စဉ်ကြောင့် ဝက်စ်ဘရွန်းနှင့်ပွဲလည်း ထိခိုက်စရာမရှိဘဲ   ဆက်ကစားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မန်ယူအသင်းက “အသင်းရဲ့ စနစ်တွေကို ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပေါ်ခဲ့ကြောင်း အတည်ပြုနိုင်ပါ တယ်။ အခုလုပ်ငန်းအဆင့်ဆင့်ကို ကျွမ်းကျင်သူတွေနဲ့ ပြန်လည်စစ်ဆေး လုပ်ဆောင်နေပါတယ်။ ဆိုက်ဘာ တိုက်ခိုက်ခံရတဲ့အနေအထားကြောင့် လုံခြုံရေးစနစ်တွေကို ပြောင်းလဲတာလည်း လုပ်နေတယ်။ ကျွမ်းကျင်တဲ့ အိုင်တီပညာ ရှင်တွေနဲ့တိုင်ပင်ပြီး တိုက်ခိုက်ခံရမှုကို စုံစမ်းပါမယ်။ ဆိုက်ဘာရာဇဝတ်ဂိုဏ်း တစ်ခုခုက  တိုက်ခိုက်တာဖြစ်မယ်” ဟု ထုတ်ပြန်သည်။             

Ref:BBC