တိုက်စစ်မှူး လူကာဂျိုဗစ်ချ် COVID-19 ရောဂါ ကူးစက်ခံရကြောင်း ရီးယဲလ်အတည်ပြု

မက်ဒရစ် နိုဝင်ဘာ ၂၁

ရီးယဲလ်အသင်းမှ ဆားဘီးယား တိုက်စစ်မှူး လူကာဂျိုဗစ်ချ်သည် COVID-19 ရောဂါကူးစက်ခံခဲ့ရကြောင်း   ရီးယဲလ်အသင်းက နိုဝင်ဘာ ၂၀ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

ဂျိုဗစ်ချ်သည် နိုဝင်ဘာ ၁၈ ရက်က ဆားဘီးယားအသင်း ရုရှားကို ငါးဂိုးပြတ်အနိုင်ရသည့်ပွဲတွင် ပါဝင် ကစားခဲ့ပြီး နှစ်ဂိုးသွင်းပေးခဲ့သကဲ့သို့ ပြီးခဲ့သည့်တစ်ပတ်ကလည်း ယူရို ၂၀၂၀ ခြေစစ်ပွဲအောင် ရန် နောက်ဆုံး ကစားရသည့် စကော့တလန်နှင့်ပွဲတွင်  ပါဝင်ကစားခဲ့ကာ  ထိုပွဲတွင် ပယ်နယ်တီနှင့်ရှုံးခဲ့ရ၍ ခြေစစ်ပွဲကျရှုံးခဲ့ရ သည်။

နိုင်ငံပွဲများကစားပေးပြီးအပြန် COVID-19 ရောဂါကူးစက်ခံလာရကြောင်း ကို ရီးယဲလ်အသင်းက နိုဝင်ဘာ ၂၀ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး ဂျိုဗစ်ချ်သည် နိုဝင်ဘာ ၂၁ ရက် ဗီလာရီးယဲလ်နှင့်ပွဲ အတွက် ကစား သမားစာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်းနှင့် တစ်ဦးတည်းသီးခြားနေထိုင် ရတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ သည်။

Ref:Marca