တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၂

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့ရှိ အခြေခံပညာအထက်တန်း ကျောင်း၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၁၈၈ ဦး၊ ခွဲစိတ်ရောဂါ ၇၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၃ ဦး၊ ကလေးရောဂါ ၃၉ ဦး၊ အရိုးရောဂါ ၁၃၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၄ ဦး၊ မျက်စိရောဂါ ၇၉ ဦးနှင့် သွားရောဂါ ၄၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၇ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၉ ဦး စုစုပေါင်း ၆၀၉ ဦး တို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၁ ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့‌ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး  နယ်လှည့်အထူးကုဆေးအဖွဲ့အား စားသောက်ဖွယ်ရာ များ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ဒေါ်ဘိုမ (မသုံကျေးရွာ၊ ထုံးဘိုမြို့နယ်)

နယ်လှည့်ဆေးကုအဖွဲ့ကနေပြီးတော့ လာရောက်ဆေးကုလို့ လာပြတာပါ။ ရွာထဲမှာကြေညာထားတာလာပြလို့ရတယ် အကုန်လုံးအခမဲ့ ပေါ့။ အကုန်လုံး အစစ အရာရာ အဆင် ပြေတယ်ပြောလို့ လာပြီး ဆေးကုသမှု ခံယူတာပါ။ နှလုံး သွေကြောလေးတွေကျဉ်းတယ်ဆိုလို့ လာပြတာ။ ဆေးလဲ ပုံမှန်သောက်ပါ။ ဆေး တွေလည်း အများကြီးပဲ သူတို့ ထုတ်ပေးလိုက်ပါတယ်။ ပုံမှန်လစဉ်သောက်ဖို့လည်း ပဲ ဆေးတွေပေးလိုက်ပါတယ်။ ဒီကတော့အလကားရတာပါ အပြင်မှာဆိုရင်တော့ သမီးတို့က ပိုက်ဆံများများစားစား ကုန်ပါတယ်။ တစ်လကို လေးငါးသောင်းကျော် ဖိုးလောက်ဝယ်သောက်ရတယ်။ ဒီမှာ တစ်လစာပေးလိုက်ပါတယ်။ ပီတိအားရဖြစ် ပါတယ်။ အပြင်မှာဆိုရင် ပိုက်ဆံအကုန်အကျများတယ်လေ သမီးတို့ မရှိတဲ့ သူတွေ မှာကြတော့။ ဒီမှာ အားလုံးအစစအရာရာ လိုလေသေးမရှိ ECG တို့ဘာတို့ အကုန်လုံး ဆေးကစထောက်ပံ့မှုအကုန်ရတယ်ဆိုတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။ သမီးတို့သာမက သမီးတို့ထက်ဆိုတဲ့ သူတွေရော အစစအရာရာ ပိုပြီးအဆင်ပြေ တာ ပေါ့ အဘကိုအများကြီးကျေးဇူးတင်တယ်လို့ ဒီနေရာကနေ ဂါရဝပြပါတယ်လို့။

ဒေါ်စန်းစန်းဌေး( ဒေသခံပြည်သူ)

ခွဲရမယ်လို့ပြောလို့ ကျွန်မဒီနေ့လာခွဲဖြစ်တာပါ။ ကျွန်မကို အခုလိုခွဲပေးလို့ ဝမ်းလည်းသာတယ်။ ကျွန်မတို့အပြင်မှာဆိုရင် ဒီမျက်လုံးကို မခွဲနိုင်ဘူး။ ဆယ်သိန်း ဆိုလည်း ဟုတ်တယ်၊ ဆယ်ငါးသိန်းဆိုလည်း ဟုတ်တယ်။ အဲ့လိုမခွဲနိုင်တာကို ခုလို တပ်မတော်ကြီးက ခွဲပေးတဲ့အတွက် ကျွန်မတို့က ဝမ်းသာဂုဏ်ယူမိပါတယ်။ ဆရာဝန်တွေကလည်း ညင်ညင်သာသာနဲ့ပဲ ခွဲစိတ်ပေးပါတယ်။ သာသာကြည် ကြည်နဲ့ပဲ သူတို့ခွဲစိတ်တာအောင်မြင်တော့ ကျွန်မလည်း ဝမ်းတွေသာပေါ့။ အနာ အကျင်မရှိဘူး ကောင်းကောင်းမွန်မွန်နဲ့ ခွဲစိတ်ပေးပါတယ်။ ဒီလိုမျိုးဆေးတွေဘာ တွေနဲ့ အလကာကုသပေးတဲ့အတွက် ပြည်သူတွေအတွက်လည်းကောင်းပါတယ်။  ခုလို အလကားကုပေးတဲ့အတွက် ပြည်သူတွေအတွက်လည်းကောင်းတယ်။ သင်္ဘောပေါ်မှာလည်း ခွဲစိတ်ခန်းတွေရော ကြွေးတာမွေးတာရော အကုန်လုံး အစစအရာရာ လိုလေသေးမရှိ ကြွေးတဲ့အတွက် ၊ ကုသပေးတဲ့အတွက် ကျွန်မ အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အခုလို ပြည်သူပြည်သား တွေအတွက် ဒီလိုမျိုး ကုသပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။