​​​​​​​စက်သုံးဆီနှင့်ပတ်သက်၍ ကောလာဟလသတင်းများ ထွက်ပေါ်နေမှုအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ၏ ပြောကြားချက်

စက်သုံးဆီနှင့်ပတ်သက်၍ ကောလာဟလသတင်းများ ထွက်ပေါ်နေမှုအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ၏ ပြောကြားချက်

         
ပြည်တွင်းမှာလည်း ကောလာဟလ ထုတ်လွှင့်နေတာရှိပါတယ်။ အချိန်ကိုက်ဘဲ ပြည်ပက ပြည်ဖျက်မီဒီယာတွေကလည်း ကောလာဟလထုတ်လွှင့်နေတာရှိတယ်။ အဓိက ကတော့ အခြေခံအကြောင်းနှစ်ခုအပေါ်မှာ ကောလာဟလထုတ်လွှင့်တာဖြစ်တယ်။ နံပါတ်()ကတော့ ဆီခွဲတမ်းပေါ့။ စက်သုံးဆီရောင်းချတဲ့ခွဲတမ်းတွေလျှော့တယ်ဆိုပြီး ထုတ်လွှင့်နေတာရှိတယ်။ နံပါတ်()ကတော့ ဆီအလုံအလောက်မရှိဘူး၊ ဆီဝယ်ယူဖို့ အတွက် အစိုးရအနေနဲ့ ဒေါ်လာချမပေးဘူးဆိုတာမျိုး ထုတ်လွှင့်နေတာရှိတယ်။ ပြီးရင် စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီ၊ ပြန်မဖြည့်နိုင်တော့ဘူး ဆိုတဲ့ဟာတွေဘဲဖြစ်ပါ တယ်။

ပထမဦးဆုံးပြောချင်တာက ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့တဲ့ အတိုင်း ပြည်တွင်းမှာ ဆီနှစ်ဆီဖြစ်တဲ့ စက်သုံးဆီ၊ စားသုံးဆီနဲ့ပတ်သက်ပြီး အလေးထား ဆောင်ရွက်လျှက်ရှိတယ်။ ဆီခွဲတမ်းများနဲ့ပတ်သက်ပြီး စိစစ်တာတစ်ခုဘဲရှိတယ်။ ယခင် အတိုင်းဘဲဖြစ်တယ်။ လျှော့ပြီးလုပ်ပေးတာမရှိဘူး။ ပြည်တွင်းမှာစက်သုံးဆီ အလုံ အလောက်ရှိပါတယ်။ အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ 92 ဆိုရင် ပြည်တွင်းလက်ကျန် ဂါလံ ၁၃ သန်းကျော်ရှိပြီးဖြစ်တယ်။

ဒီဇယ်ဆိုရင် ဂါလံ သန်း ၃၀ ကျော်ရှိပြီးဖြစ်တယ်။ ပြီး ရင် ထပ်မံရောက်ရှိလာမယ့် ဆီတင်သင်္ဘော ၁၅ စီးနီးပါး ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ စက်သုံးဆီကိုမည်သည့်စက်သုံးဆီအမျိုးအစားမဆို ပြည်တွင်းမှာတစ်လစာ အရန်ရှိအောင် အမြဲတမ်းဆောင်ရွက်လျှက်ရှိတယ်။ ဒါ့အပြင် စက်သုံးဆီနဲ့ပတ်သက်ရင် နိုင်ငံတော်အစိုးရ အနေနဲ့ အထူးအလေးထားဆောင်ရွက်ပေးနေတဲ့အတွက် ယခင်အတိုင်းဘဲ ဒေါ်လာရောင်း ချပေးတာတွေ ဆောင်ရွက်လျှက်ရှိတယ်။

ပြည်သူလူထုအနေနဲ့ တစ်ခုသတိထားသင့်တာ ကတော့ ဒီအချိန်မှာ ဘက်ပေါင်းစုံကနေ အချိန်ကိုက် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှု ရေးအရ၊ ကာကွယ်ရေးအရ ဘက်ပေါင်းစုံကနေ သတင်းအမှားတွေထုတ်လွှင့်ပြီး ဆောင် ရွက်နေတာမျိုး ရှိပါလိမ့်မယ်။ ဒီသတင်းအများတွေကိုကြည့်ပြီး သတင်းအဆိပ်မသင့်ဖို့ အရေးကြီးပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့လည်း အချိန်မီပြန်ကြား ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင်တော့ စက်သုံးဆီ၊ စားသုံးဆီ စီးပွားရေး လုပ်ငန်းတွေ၊ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် Boder Trade ကုန်သွယ်မှုနဲ့ ပတ်သက်လာရင် ရပ်တန့်နေတာမှအပ ကျန်တဲ့လုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်လျှက်ရှိတယ်လို့ အသိပေးပြောကြားလိုပါတယ်။ ဒီအဖျက် အမှောင့်လုပ်ငန်းတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုပူးပေါင်းပြီး ကာကွယ် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ပြောချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။