မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲ KTR(A)အသင်း တံခွန်စိုက်ဆုဆွတ်ခူး
ရန်ကုန် နိုဝင်ဘာ ၁၂
မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလားတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲများနှင့်ဆုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ် ကွင်း၌ကျင်းပသည်။
ဗိုလ်လုပွဲများတွင် အမျိုးသား U-12 ပြိုင်ပွဲ၊ အမျိုးသမီး U-14 ပြိုင်ပွဲ၊ အမျိုးသားလူသစ် တန်းနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးအလွတ်တန်းနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသားပထမ တန်းပြိုင်ပွဲ၊ ဒုတိယတန်းပြိုင်ပွဲ၊ အသက် ၅၀၊ ၆၀ နှစ်အထက် နှစ်ယောက်တွဲပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲများယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြည့်ရှုအားပေးကြသည်။
ဗိုလ်လုပွဲများအပြီး သက်တန်းအလိုက် အမျိုးသား၊ အမျိုးသမီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အားကစားသမား များအား တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ ဥပဒေချုပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များက ဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အသင်းလိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသော အောင်လံအသင်း၊ ဒုတိယဆုရ ရွှေမန်းတောင်အသင်းနှင့် ပထမဆုရ KTR(A) အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်ပြီး အသင်းလိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရှိသည့် KTR(A) အသင်းအား တံခွန်စိုက်ဆုပေးအပ် ချီးမြှင့်သည်။
အဆိုပါ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲကို နိုဝင်ဘာလ ၆ ရက်မှ ယနေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အသင်း ၂၀ မှ ကစားသမား ၂၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဝန်းရံခ