ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ၁၁ ပွဲကစားအပြီး ၁၇ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ဟယ်ရီကိန်းမှတ်တမ်းဝင်
ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်း သည် ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ်ကစားသည့် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဟီဒန်ဟိန်းအသင်းတို့ပွဲစဉ် တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ပြီး နောက် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ၁၁ ပွဲကစားအပြီး ၁၇ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းက ဟီဒန်ဟိန်းအသင်းကို ၄ ဂိုး -၂ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်၌ ဟယ်ရီကိန်း သည် ပွဲချိန် ၁၄ မိနစ်နှင့် ၄၄ မိနစ်တို့တွင် အသင်း အတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ပြီးနောက် အသင်းနှင့် ၁၁ ပွဲကစားရာတွင် သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူနိုင် ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်းအရွှေ့ ကာလက စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့် ဟယ်ရီကိန်းသည် အသင်းနှင့် အတူ အကောင်းဆုံးခြေစွမ်းပြလျက်ရှိပြီး ဂိုးများ သွင်းယူနိုင်ပြီးနောက် စံချိန်မှတ်တမ်းကောင်းများစွာ တင်ထားနိုင်ခြင်းဖြစ်သည်။
ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ဂက်စ်မူလာ၊ လီဝန်ဒေါစကီး၊ ဟာလန်းစသည့် ဂိုးသွင်းအားကောင်း သည့် ကစားသမားများကစားခဲ့ကြသော်လည်း ဟယ်ရီ ကိန်းကဲ့သို့ ရာသီအစ ၁၁ ပွဲတွင် သွင်းဂိုး ၁၇ ဂိုးရရှိ အောင် စွမ်းဆောင်နိုင်ခြင်းမရှိဘဲ ယခုမှသာ ဟယ်ရီ ကိန်းက ပထမဆုံးကစားသမားအဖြစ် စွမ်းဆောင်နိုင် ခဲ့ကြောင်း သိရသည်။
Ref;Bild