နှစ်ပေါင်း ၄၀ ကျော်အကြာတွင်ပေးအပ်သည့် စူပါဘလွန်းဒီအော့ဖ်ဆုကို ၂၀၂၉ ခုနှစ်တွင် ရွေးချယ်ချီးမြှင့်မည်ဖြစ်ပြီး မက်ဆီက ထိပ်ဆုံးမှရေပန်းစားနေ
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်သည့် ဘလွန်းဒီအော့ဖ်ဆုကို ချီးမြှင့်ပေးအပ်လျက်ရှိသည့် ပြင်သစ်နိုင်ငံအခြေစိုက် France Football မဂ္ဂဇင်းက နှစ်ပေါင်း ၄၀ ကျော်အကြာတွင် ရွေးချယ်ချီးမြှင့်ပေးအပ် သည့် စူပါဘလွန်းဒီအော့ဖ်ဆုကို ၂၀၂၉ ခုနှစ်တွင် ချီးမြှင့်ပေးအပ်မည်ဖြစ်ရာ မက်ဆီက ထိပ်ဆုံးမှ ရေ ပန်းစားနေကြောင်း သိရသည်။
စူပါဘလွန်းဒီအော့ဖ်ဆုကို France Football မဂ္ဂဇင်းက ၁၉၈၉ ခုနှစ်ကစတင်ပြီး နှစ်ပေါင်း ၄၀ ကျော်အတွင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (ဘလွန်းဒီအော့ဖ်ဆု) ရရှိခဲ့ဖူးသည့် ကစားသမားများမှ တစ်ဦးကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။
ပထမအကြိမ်အဖြစ် ၁၉၈၉ ခုနှစ်က ရွေးချယ်ချီးမြှင့်ပေးအပ်သည့် စူပါဘလွန်းဒီအော့ဖ်ဆုကို ရီးယဲလ် မက်ဒရစ်အသင်း ဂန္ထဝင်ကစားသမားကြီးဖြစ်သည့် ဒီစတီဖန်နိုက ဆွတ်ခူးခဲ့ပြီး ဘာစီလိုနာအသင်းဂန္ထဝင် ကစားသမားကြီး ဂျိုဟန်ခရိတ်က ဒုတိယနှင့် ဂျူဗင်တပ်စ်အသင်း ဂန္ထဝင်ကစားသမားကြီး ပလာတီနီက တတိယနေရာ၌ အသီးသီးရပ်တည်ခဲ့ကြသည်။
၁၉၈၉ ခုနှစ်နောက်ပိုင်း ဘောလုံးလောကတွင် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (ဘလွန်းဒီအော့ဖ် ဆု) ကို လက်ရှိ အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူး မက်ဆီက ရှစ်ကြိမ်အထိဆွတ်ခူးထားပြီး စီရော်နယ်ဒို က ငါးကြိမ်အထိရရှိထားကာ မက်ဆီက အကြိမ်ရေ အများဆုံးကစားသမားအဖြစ် ထိပ်ဆုံး၌ ရပ်တည်နေ သည်။
စူပါဘလွန်းဒီအော့ဖ်ဆုအတွက် မက်ဆီက ထိပ်ဆုံးတွင် ရေပန်းစားနေသော်လည်း အဆိုပါဆုကို ၂၀၂၉ ခုနှစ်မှသာ ရွေးချယ်ချီးမြှင့်မည် ဖြစ်သည့်အတွက် စီရော်နယ်ဒိုအနေဖြင့် အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်များ ပြသနိုင်ပါက မက်ဆီကို စိန်ခေါ်နိုင်ဖွယ်ရှိပြီး ရေပန်း စားမှုတွင် ကစားသမားဘဝမှ အနားယူခဲ့သည့် ဇီဒန်း၊ ရော်နယ်ဒိုနာဇာရီယိုနှင့် ရော်နယ်ဒင်ဟိုတို့လည်း ပါဝင်လျက်ရှိကြောင်း သိရသည်။
Ref;Give me Sport