(၅၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

(၅၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၃

   (၅၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် အဖွဲ့ဝင် များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ကြသည်။

   ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်များ ဖြစ်သည့် အမျိုးသား(မီတာ-၁၀၀)အပြေးပြိုင်ပွဲ(လူရွေးပွဲ)၊ အမျိုးသား တန်းမြင့် ခုန် ပြိုင်ပွဲ(ဗိုလ်လုပွဲ)၊ အမျိုးသမီးသုံးဆင့်ခုန်ပြိုင်ပွဲ(ဗိုလ်လုပွဲ)၊ အမျိုးသားလှံတံပစ်ပြိုင်ပွဲ (ဗိုလ်လုပွဲ)၊ အမျိုးသမီး(မီတာ-၁၀၀)အပြေးပြိုင်ပွဲ(လူရွေးပွဲ)၊ အမျိုးသား(မီတာ-၈၀၀) အပြေးပြိုင်ပွဲ(လူရွေးပွဲ)၊ အမျိုးသမီး(မီတာ-၈၀၀)အပြေးပြိုင်ပွဲ(လူရွေးပွဲ)ပွဲစဉ်များ ယှဉ် ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြသည်။

      အဆိုပါ (၅၁)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၇ သင်းဖြင့် နိုဝင်ဘာလ ၂၀ ရက်ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။